ပွင့်ဖြူမြို့နယ်၌ ရှာဖွေကယ်ဆယ်ရေးသုံးပစ္စည်းများခင်းကျင်းပြသခြင်းနှင့် မီးဘေးလုံခြုံရေး လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသ

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်း သဘာဝဘေးအန္တရာယ်များအပါအဝင် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ လျင်မြန်ထိရောက်စွာ ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ ရှာဖွေကူညီကယ်ဆယ်ရေးသုံးပစ္စည်းများ ခင်းကျင်းပြသခြင်းနှင့် မီးဘေးလုံခြုံရေးလက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြသခြင်းကို ယမန်နေ့ ညနေ ၄ နာရီခွဲက ပွင့်ဖြူမြို့နယ်ရဲတပ်ဖွဲ့မှူးရုံး၌ ကျင်းပသည်။

ကော့သောင်းမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်း‌ရေးနေ့အထိမ်းအမှတ် စုပေါင်းအမှိုက်ကောက် Campaign ပြုလုပ်

၂၀၂၄ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့်(၅၁)နှစ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကိုဂုဏ်ပြုကြိုဆိုသောအားဖြင့် ကော့သောင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်အတွင်းရှိ ဧည့်လမ်းညွှန်လုပ်ငန်းဆောင်ရွက်နေသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများတွင် စိတ်ပါဝင်စားသူများပူးပေါင်း၍ ယနေ့ မေလ (၁၀) ရက်နေ့ ညနေ(၅)နာရီခန့်က ကော့သောင်းမြို့၊ ဆိပ်ကမ်းသာပန်းခြံ၊ ကမ်းနားလမ်းနှင့်ကမ်းခြေတလျှောက်တွင် စုပေါင်းအမှိုက်ကောက် Campaign ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကော့ကရိတ်မြို့နယ်၊ ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီအစည်းအဝေး (၄/၂၀၂၄)ကျင်းပ

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေးလုပ်ငန်းကော်မတီ၏ (၄/၂၀၂၄) အစည်းအဝေးကို မေလ(၈)ရက်နေ့ မွန်းလွဲပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ (၂)တွင် ကျင်းပရာ ကော့ကရိတ်မြို့နယ် ပြန်လည်ထူထောင်ရေး  လုပ်ငန်းကော်မတီဥက္ကဋ္ဌ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီးမင်းသူကျော်၊ ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးစောထွန်းအောင်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးရာဝန်ကြီး ဦးညီညီဇော်နှင့် လုပ်ငန်းကော်မတီအဖွဲ့ဝင်များ တက်ရောက်ပြီး ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီးက အဖွင့်အမှာစကား ပြောကြားပြီး လုပ်ငန်းကော်မတီဝင်များက ဆက်လက်ဆောင်ရွက်မည့် လုပ်ငန်းစဉ်များကို ဆွေးနွေးတင်ပြကြသည်။

ပေါင်းတည်၌ လေပြင်းတိုက်ခတ်၍ နေအိမ် ၆ လုံးပြိုလဲ နေအိမ် ၁၅ လုံး အမိုးလန် ပျက်စီးဆုံးရှုံး

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ မေလ ၉ ရက်နေ့ည ၈ နာရီက လေပြင်းတိုက်ခတ်၍ လူနေအိမ် ၆ လုံးပြိုလဲပျက်စီးခဲ့ပြီး လူနေအိမ် ၁၅ လုံး အမိုးလန်ပျက်စီးခဲ့ကြောင်း သိရသည်။

ကလောမြို့နယ် ရေရှားပါးသည့်ရပ်ကွက်/ကျေးရွာများသို့ သောက်သုံးရေထောက်ပံ့လှူဒါန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်‌ရေးနှင့်ပြန်လည် နေရာချထား‌ရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ကလောမြို့နယ်အတွင်း သောက်သုံးရေရှားပါးသည့် ရပ်ကွက်၊ကျေးရွာများသို့ သောက်သုံးရေများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။

ကျောင်းသား၊ ကျောင်းသူလူငယ်များ ကွန်ပျူတာပညာရပ်များကို စနစ်တကျတတ်မြောက်ပြီး အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ အခြေခံ Computer သင်တန်း ဖွင့်လှစ်သင်ကြားပေး

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် အကျိုးရှိစေမည့် သင်တန်းများအား ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် အခြေခံ Computer သင်တန်း(အခမဲ့) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

မြို့သစ်မြို့နယ်၌ ဆန်များဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းမရှိ‌စေရေး ကွင်းဆင်းစစ်ဆေး

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း ဆန်စက်နှင့်ဆန်ဆိုင်များရှိ ဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရန်နှင့် စျေးနှုန်းတည်ငြိမ်ရေးအတွက်‌ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဆန်ဂို‌ဒေါင်များ၊ ဆန်အရောင်းဆိုင်များအား လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြ ကြောင်း စျေးတာဝန်ခံတစ်ဦးထံက သိရသည်။

ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ရန်ကုန်တိုင်းဒေသကြီး စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယမန်နေ့ နံနက် (၉) နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး မင်္ဂလာခန်းမ၌ ကျင်းပသည်။

ပန်းတနော်မြို့ရှိ ဦးသန့်စာကြည့်တိုက်နှင့် ပြတိုက်အဆောက်အဦ အသစ်ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ​မန်းငြိမ်းမောင် တက်ရောက်ဖွင့်လှစ်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝေလင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် မြတောင်ကျောင်းတိုက် ဒုတိယနာယက ဆရာတော် ဥူးကုမာရတို့သည် ယမန်နေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့ ရန်ကုန်- ပုသိမ် ကားလမ်းဘေးရှိ ဦးသန့်စာကြည့်တိုက်နှင့် ပြတိုက်အဆောက်အဦ အသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

ထန်းတပင်မြို့နယ်၌ ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့်တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မေလ(၉)ရက်နေ့က လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
Subscribe to