မွေးမြူရေးကဏ္ဍဖွံဖြိုးရေး မွေးမြူရေးလုပ်ငန်းရှင်များအား တွေ့ဆုံပွဲကျင်းပ
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်အတွင်းရှိ မွေးမြူရေးဇုန်များတွင် မွေးမြူရေးကဏ္ဍဖွံဖြိုးရေး မွေးမြူရေးလုပ်ငန်းရှင်များ တွေ့ဆုံခြင်းကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ကျင်းပရာ ဥတ္တရခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးကျော်စွာထွန်းနှင့် ခရိုင်အဆင့် သက်ဆိုင်ရာဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီညီထွေးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာဆိုင်ရာများ၊ ကံကြီး မွေးမြူရေးဇုန်နှင့် ရွှေမြို့မွေးမြူရေးဇုန်မှ ဥက္ကဋ္ဌများ၊ မွေးမြူရေးလုပ်ငန်းရှင်များ တက်ရောက်ကြ သည်။