ကော့သောင်း မေ ၁၀
၂၀၂၄ ခုနှစ်၊ ဇွန်လ(၅)ရက်နေ့တွင် ကျရောက်မည့် (၅၁) နှစ်မြောက် ကမ္ဘာ့ပတ်ဝန်းကျင်ထိန်းသိမ်းရေးနေ့ကို ဂုဏ်ပြုကြိုဆိုသောအားဖြင့် ကော့သောင်းခရိုင်၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့နှင့် ခရိုင်အတွင်းရှိ ဧည့်လမ်းညွှန်လုပ်ငန်းဆောင်ရွက်နေသည့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာလုပ်ငန်းများတွင် စိတ်ပါဝင်စားသူများပူးပေါင်း၍ ယနေ့ မေလ (၁၀) ရက်နေ့ ညနေ(၅)နာရီခန့်က ကော့သောင်းမြို့၊ ဆိပ်ကမ်းသာပန်းခြံ၊ ကမ်းနားလမ်းနှင့်ကမ်းခြေတလျှောက်တွင် စုပေါင်းအမှိုက်ကောက် Campaign ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ အမှိုက်ကောက် Campaign ဆောင်ရွက်ခဲ့သည့် နေရာများသည် ပြည်သူလူထုအပန်းဖြေခြင်းနှင့် ခရီးသွားလုပ်ငန်းအတွက် အရေးပါသည့်နေရာများဖြစ်ခြင်းကြောင့် သန့်ရှင်းသာယာ၍အမြင်တင့်တယ်စေရန်နှင့် နိုင်ငံတကာအဆင့်မီသာယာလှပရေး၊ အမှိုက်နှင့်စွန့်ပစ်ပစ္စည်းများ ပင်လယ်အတွင်းစွန့်ပစ်ခြင်းမပြုဘဲ စနစ်တကျစွန့်ပစ်စေရေးအတွက် ယခုကဲ့သို့ ပြည်သူလူထုများပူးပေါင်းပါဝင်သော အမှိုက်ကောက်လှုပ်ရှားမှုဆောင်ရွက်ခြင်းဖြစ်ပြီး ပြည်သူများအားလုံးလက်တွေ့လိုက်ပါဆောင်ရွက်ကြစေရန် အသိပညာပေးခြင်းများနှင့် စုပေါင်းအမှိုက်ကောက်လှုပ်ရှားမှုများလည်း ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)