ကရသူရိမြို့၌ စာဖတ်ရှိန် မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ကွင်းဆင်းငှားရမ်းပေး
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ဒေသခံပြည်သူများနှင့် နိုင်ငံ့ဝန်ထမ်းများ အားလပ်သည့် အချိန်များတွင် စာပေများ အလွယ်တကူ လေ့လာဖတ်ရှုနိုင်ရေး စာဖတ်ရှိန် မြှင့်တင်ရေး Mobile Library စနစ်ဖြင့် စာအုပ်/စာစောင်များ ငှားရမ်းပေးခြင်းကို ယနေ့ နံနက် ၁၀ နာရီက မီးသတ်ဦးစီးဌာနသို့ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။