ကျောင်းသား၊ ကျောင်းသူလူငယ်များ ကွန်ပျူတာပညာရပ်များကို စနစ်တကျတတ်မြောက်ပြီး အကျိုးရှိစွာ အသုံးချတတ်စေရန်ရည်ရွယ်၍ အခြေခံ Computer သင်တန်း ဖွင့်လှစ်သင်ကြားပေး

ပျဉ်းမနား မေ ၁၁

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ပျဉ်းမနားမြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ နွေရာသီကျောင်းပိတ်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် အကျိုးရှိစေမည့် သင်တန်းများအား ဖွင့်လှစ်ဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့ နံနက်ပိုင်းတွင် အခြေခံ Computer သင်တန်း(အခမဲ့) ဖွင့်ပွဲအခမ်းအနားကို ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲအခမ်းအနားတွင် နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီးဌာန၊ ဒုတိယတိုင်းဦးစီးမှူး ဒေါ်ခင်မာဖြူက အမှာစကားပြောကြားရာတွင် “လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျောင်းသား၊ ကျောင်းသူ လူငယ်များအတွက် အကျိုးရှိစေမည့် သင်တန်းများ၊ ဟောပြောဆွေးနွေးပွဲများကို စဉ်ဆက်မပြတ်ဆောင်ရွက်နေလျက်ရှိပါကြောင်း၊ ယခုဖွင့်လှစ်သည့် အခြေခံ Computer သင်တန်းသည်လည်း ကျောင်းသား၊ ကျောင်းသူ လူငယ်များကွန်ပျူတာအခြေခံပညာရပ်များကို စနစ်တကျတတ်မြောက်ပြီး အကျိုးရှိစွာအသုံးချတတ်စေရန်ရည်ရွယ်၍ ဖွင့်လှစ်ပေးခြင်းဖြစ်ပါကြောင်း၊ သင်တန်းကသင်ကြားပေးလိုက်သည့် ကွန်ပျူတာအခြေခံပညာရပ်မှတဆင့် မိမိတို့ကိုယ်တိုင် ဆက်လက်၍ လေ့လာ၊ လေ့ကျင့်ခြင်းများကိုလည်း စဉ်ဆက်မပြတ် ဆောင်ရွက်ကြရန်လိုကြောင်း” ပြောကြားခဲ့သည်။

ထို့နောက် မြို့နယ်ဦးစီးမှူး ဦးဇော်မင်းလွင်က  သင်တန်းစည်းမျဉ်း၊ စည်းကမ်းများကို ရှင်းလင်းပြောကြားပြီး သင်တန်းနည်းပြဆရာမ ဒေါ်ဇင်သူဇာမိုးက သင်တန်းတွင် သင်ကြားပြသပေးမည့် သင်ခန်းစာများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါ အခြေခံ Computer သင်တန်းအား မေလ ၁၀ ရက်နေ့မှ ၁၉ ရက်နေ့အထိ ၁၀ ရက်ကြာ နံနက် ၉ နာရီမှ ၁၁ နာရီအထိသင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး သင်တန်းသို့ ကျောင်းသား၊ကျောင်းသူ ၁၅ ဦးတို့ တက်ရောက်လျက်ရှိကြောင်း သိရသည်။

မျိုးသီဟ(ပြန်/ဆက်)