မောက်မယ်မြို့နယ် သမိုင်းဝင်နောင်နင်းရေထွက်တွင် ရိုးရာဓလေ့ ရေတောင်းပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်၌ မြို့သမိုင်းဝင်နောင်နင်းရေထွက် တွင်ရေတောင်းပွဲကို ရှမ်းရိုးရာဓလေ့ထုံးတမ်းစဉ်လာများအရ အဆိုပါနောင်နင်းရေထွက်တွင် ယနေ့နံနက်ပိုင်းက ကျင်းပပြုလုပ်ခဲ့သည်။

တောင်ကြီးမြို့ရှိ အခြေခံပညာကျောင်းများတွင် စုပေါင်းသန့်ရှင်းရေးပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့ရှိ အခြေခံပညာကျောင်းများ ဥပဓိရုပ် ကောင်းမွန်စေရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၆ နာရီခွဲက အမှတ်(၁)နှင့် အမှတ်(၂) အခြေခံပညာ အထက်တန်းကျောင်းများတွင် ပြုလုပ်သည်။

ပွင့်ဖြူမြို့နယ်၊ ကံသားကြီးအခြေခံပညာအထက်တန်းကျောင်း သန့်ရှင်သာယာလှပရေး ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေး ပြုလုပ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ ကျောင်းအင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပရေးနှင့် ကျောင်းဥပဓိရုပ် ကောင်းမွန်စေရန် ရည်ရွယ်၍ မေ ၁၁ ရက်၊ နံနက် ၇ နာရီက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ စုပေါင်းပြီး ပွင့်ဖြူမြို့နယ် ကံသာကြီးကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ သွားရောက်၍ ပြည်သူ့အကျိုးပြု စုပေါင်းသန့်ရှင်းရေးလုပ်ငန်းများ ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကျောက်ဖြူမြို့၊ ငလပွေ့ချောင်းအတွင်းသို့ ရေငန်ပုစွန်သားပေါက်ကောင်ရေ ငါးသိန်းမျိုးစိုက်ထည့်

ရခိုင်ပြည်နယ် ငါးလုပ်ငန်းဦးစီးဌာနမှ ကြီးကြပ်မှုဖြင့် ကျောက်ဖြူခရိုင် ငါးလုပ်ငန်းဦးစီးဌာနမှ ရေငန်ပုစွန်သားပေါက်ကောင်ရေ ငါးသိန်းမျိုးစိုက်ထည့်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျောက်ဖြူမြို့၊ ငလပွေ့ရပ်ကွက်ရှိ ငလပွေ့ချောင်း၌ ကျင်းပပြုလုပ်ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ခရိုင်ငါးလုပ်ငန်းဦးစီးဌာနမှူးနှင့် ဝန်ထမ်းများ၊ ရေငန်ပုစွန်သားဖောက်စခန်းမှ တာဝန်ခံအရာရှိနှင့် ဝန်ထမ်းများ တက်ရောက်သည်။

မက်မန်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် အမျိုးသမီးများဘဝ ဖွံ့ဖြိုးတိုးတက်ရေး ဆွေးနွေးပွဲကို ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ခရိုင်နှင့်မြို့နယ် အမျိုးသမီးရေးရာအဖွဲ့တို့ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီအချိန်က ကျင်းပခဲ့သည်။

ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်နှင့် အဖွဲ့များနွေးစပါးစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းနေမှုတို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းအောင်၊‌ ပေါက်ခေါင်းမြို့နယ် စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဖြိုးသူမောင်နှင့် မြို့နယ်စိုက်ပျိုး‌ရေးမွေးမြူရေးကြီးကြပ်အဖွဲ့ဝင်များသည် ယမန်နေ့က ပေါက်ခေါင်းမြို့နယ်အတွင်း နွေစပါး အောင်ရေပေးဝေမှုနှင့် အောင်မြင်ဖြစ်ထွန်းသည့် အခြေအနေများကို ကွင်းဆင်းကြည့်ရှုခဲ့ကြောင်း သိရသည်။

 မိတ္ထီလာခရိုင်တွင် (၂၀၂၄-၂၀၂၅)ခုနှစ် ဆီထွက်သီးနှံအထူးဇုန် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် စိုက်ပျိုးရေးဦးစီးဌာနတွင် (၂၀၂၄-၂၀၂၅)ခုနှစ် ဆီထွက်သီးနှံ (မြေပဲ၊နှမ်း၊နေကြာ) အထူးဇုန်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး နည်းပညာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့  နံနက်(၉)နာရီအချိန်က ခရိုင်စိုက်ပျိုးရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့အတွင်းရှိ မြို့‌ပေါ်ရပ်ကွက်များသို့ သဘာဝဘေး ကြိုတင်ကာကွယ်ရန် အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်ပြီး အသိပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝေပေး

လူမှုဝန်ထမ်းကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၏ ညွှန်ကြားမှုဖြင့် ကော့သောင်းခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနသည် မေလ(၉) ရက်နေ့နံနက်ပိုင်းက ကော့သောင်းမြို့အတွင်းရှိ မြို့ပေါ်ရပ်ကွက်များသို့ သဘာဝဘေးနှင့်ပတ်သက်၍ ကြိုတင်ကာကွယ်ရန်အသံချဲ့စက်ဖြင့် အသိပညာပေးနှိုးဆော်၍ အသိပညာပေး လက်ကမ်းစာစောင်များဖြန့်ဝေခြင်းများကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။

လူငယ်များ ဗလငါးတန်ဘက်စုံဖွံ့ဖြိုးစေရေး ပုသိမ်မြို့၊ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်းတွင် လူငယ်‌ရေးရာအသိပညာပေး ဟောပြောပွဲပြုလုပ်

ကျောင်းသားလူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မြန်မာနိုင်ငံလူငယ်ရေးရာ ဗဟိုကော်မတီနှင့် ဧရာဝတီတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီတို့ ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ပုသိမ်မြို့၊ အမှတ်(၁)အခြေခံ ပညာအထက်တန်းကျောင်း ပညာရတနာခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မိုးညှင်းမြို့၌ သက်ကြီးရွယ်အို အဘိုး၊ အဘွားများ သွားတု(အံကပ်) အခမဲ့တပ်ဆင်ပေး

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့တွင် သက်ကြီးရွယ်အို အဘိုးအဘွားများအား သွားတု(အံကပ်)များ အခမဲ့တပ်ဆင်ပေးခြင်းကို ယမန်နေ့ မွန်းလွဲ (၁) နာရီမှစတင်၍ စိမ်းလဲ့ရတနာခန်းမ၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to