စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုခရိုင်၊ ရွှေဘိုမြို့တွင် ပြည်သူများစိတ်အေးချမ်းသာစွာနေထိုင် သွားလာနိုင်ရေးအတွက် လူထုအကျိုးပြုလုပ်ငန်းများကို အပတ်စဉ် စနေနေ့တိုင်း ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် (၇) နာရီအချိန် အမှတ်(၅)အခြေခံပညာအထက်တန်းကျောင်းတွင် ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနဝန်ထမ်းများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စည်ပင်သာယာရေးဝန်ထမ်းများ၊ ပညာရေးဝန်ထမ်းများက မြက်ပင်နှင့်ခြုံနွယ်များ ခုတ်ထွင်ရှင်းလင်းခြင်းနှင့် ရေစီးရေလာကောင်းမွန်ရေး သန့်ရှင်းရေးဆောင်ရွက်ခြင်းများကိုစုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။