ပန်းတနော်မြို့ရှိ ဦးသန့်စာကြည့်တိုက်နှင့် ပြတိုက်အဆောက်အဦ အသစ်ဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် ​မန်းငြိမ်းမောင် တက်ရောက်ဖွင့်လှစ်

ပန်းတနော် မေ  ၁၁

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်၊ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အနောက် တောင်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ဝေလင်း၊ ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်နှင့် မြတောင်ကျောင်းတိုက် ဒုတိယနာယက ဆရာတော် ဥူးကုမာရတို့သည် ယမန်နေ့ နံနက် ၉ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ပန်းတနော်မြို့ ရန်ကုန်- ပုသိမ် ကားလမ်းဘေးရှိ ဦးသန့်စာကြည့်တိုက်နှင့် ပြတိုက်အဆောက်အဦ အသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့သည်။

အခမ်းအနားတွင် ပန်းတနော်မြို့ မြတောင်ကျောင်းတိုက် ဒုတိယနာယကဆရာတော် ဥူးကုမာရက အဖွင့်သြဝါဒစကားပြောကြားခဲ့ပြီး နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်က ဦးသန့်စာကြည့်တိုက်နှင့်ပြတိုက် အဆောက်အဦအသစ်ဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခြင်း၊တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် ပြန်ကြားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးရဲတင့်တို့က အမှာစကားများ ပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ဦးသန့်စာကြည့်တိုက်နှင့် ပြတိုက်အတွက် ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း၊ သာသနာရေးနှင့်ယဥ်ကျေးမှုဝန်ကြီးဌာနတို့မှ တာဝန်ရှိသူများက စာအုပ်များပေးအပ်လှူဒါန်းခဲ့ပြီး ပြန်ကြားရေးဝန်ကြီးဌာနမှ DTH စလောင်း (၁)စုံနှင့် Set Top Box (၃)လုံးနှင့် စာအုပ်များပေးအပ်လှူဒါန်းခဲ့ရာ မြို့မိမြို့ဖတစ်ဦးက ကျေးဇူးတင်စကားပြန်လည် ပြောကြားခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)