ကလော မေ ၁၁
ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင်လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေးဝန်ကြီးဌာန၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ရှမ်းပြည်နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မီးသတ်ဦးစီးဌာနတို့ ပူးပေါင်း၍ ယမန်နေ့နံနက်ပိုင်းက ကလောမြို့နယ်အတွင်း သောက်သုံးရေရှားပါးသည့် ရပ်ကွက်၊ကျေးရွာများသို့ သောက်သုံးရေများ လှူဒါန်းလျက်ရှိကြောင်း သိရသည်။
ထိုသို့ရေလှူဒါန်းရာတွင် ရှမ်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးဆောင်သည့်အဖွဲ့ဝင်များ၊ ကလောမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ တာဝန်ရှိသူများ၊မီးသတ်ဦးစီးဌာန၊ မီးသတ်တပ်ဖွဲ့ဝင်များပူးပေါင်း၍ ကလောမြို့ပေါ်ရှိ သောက်သုံးရေရှားပါးသော ရပ်ကွက်(၁)တွင် ရေ(၄၈၀၀)ဂါလန်၊ ရပ်ကွက်(၂)တွင် ရေ(၃၂၀၀)ဂါလန်၊ ရပ်ကွက်(၆)တွင် ရေ(၁၆၀၀)ဂါလန်၊ ရပ်ကွက်(၈)တွင် ရေ(၃၂၀၀)ဂါလန်၊ ရပ်ကွက်(၉)တွင် ရေ(၄၈၀၀)ဂါလန်၊ အောင်ပန်းမြို့ ညောင်ပင်ထောင်ရပ်ကွက်တွင် ရေ (၄၈၀၀) ဂါလန်၊ လှည်းရိုးရပ်ကွက်တို့တွင် ရေ(၃၆၀၀)ဂါလန် စုစုပေါင်း ရေ(၂၆၀၀၀)ဂါလန် လှူဒါန်းပေးခဲ့ပြီး ကလောမြို့နယ်အတွင်းရှိ အခြားသောက်သုံးရေရှားပါးသည့် ကျေးရွာများကိုလည်း ဆက်လက်သွားရောက် ထောက်ပံ့လှူဒါန်းသွားမည်ဖြစ်ကြောင်း၊ သောက်သုံးရေ အခက်အခဲများရှိပါက ရပ်ကွက်/ကျေးရွာအုပ်ချုပ်ချုပ်ရေးမှူးများမှတဆင့် ရှမ်းပြည်နယ်ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးရုံးသို့ အကူအညီတောင်းခံနိုင်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)