ထန်းတပင်(ရန်ကုန်) မေ ၁၁
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့်တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး မေလ(၉)ရက်နေ့က လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို တာဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးသည်။
ဦးစွာ မှော်ဘီခရိုင်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ခရိုင်ဦးစီးမှူးဒေါ်ဆွေဆွေမြင့်က မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ဝန်ထမ်းများနှင့်တွေ့ဆုံ၍ မြို့နယ်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်း ဆောင်ရွက်ပေးနေမှုအခြေအနေများကို စစ်ဆေးခဲ့သည်။
ဆက်လက်၍ ကွင်းဆင်းစစ်ဆေးရာ မှော်ဘီခရိုင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ခရိုင်ဦးစီးမှူးဒေါ်ဆွေဆွေမြင့်၊ မြို့နယ်ဦးစီးမှူးဦးထွန်းဦးကြည်နှင့်တာဝန်ရှိသူများက ကလိန်ကျေးရွာတွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင် မြစိမ်းရောင်ကျေးရွာစီမံကိန်းဖြင့် ဆောင်ရွက်နေမှုအခြေအနေများ၊ အပြင်သဲဖြူကျေးရွာတွင် ရေကန်အနက်တူးဖော်ခြင်းလုပ်ငန်များနှင့် ရွာကန့်လန့်ကျေးရွာတွင် ရေကန်အနက်တူးဖော်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများအား မြေပြင်ကွင်းဆင်းစစ်ဆေးခဲ့ကြပြီး ရေကန်အနက်တူးဖော်ခြင်းလုပ်ငန်းများ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးအောင် ဆောင်ရွက်ရန်မှာကြားခဲ့သည်။
ဇင်မင်းထိုက်(ထန်းတပင်)