မြို့သစ်မြို့နယ်၌ ဆန်များဈေးနှုန်းမြှင့်တင်၍ ရောင်းချခြင်းမရှိ‌စေရေး ကွင်းဆင်းစစ်ဆေး

မြို့သစ် မေ ၁၁

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်အတွင်း ဆန်စက်နှင့်ဆန်ဆိုင်များရှိ ဆန်များ ဈေးနှုန်းမြှင့်တင်ရောင်းချမှု မရှိစေရန်နှင့် စျေးနှုန်းတည်ငြိမ်ရေးအတွက်‌ မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် ပူးပေါင်းအဖွဲ့သည် ယမန်နေ့နံနက်ပိုင်းက မြို့နယ်အတွင်းရှိ ဆန်ဂို‌ဒေါင်များ၊ ဆန်အရောင်းဆိုင်များအား လိုက်လံကွင်းဆင်းစစ်ဆေး ဆောင်ရွက်ခဲ့ကြ ကြောင်း စျေးတာဝန်ခံတစ်ဦးထံက သိရသည်။

ထိုသို့ လိုက်လံစစ်ဆေးရာတွင် မြို့နယ်စားသုံးသူရေးရာဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့တို့မှ တာဝန်ရှိသူများပူးပေါင်းကာ စည်ပင်သာယာရေးအဖွဲ့ပိုင် "မြို့မစျေးကြီး" အတွင်းရှိ ဆန်ဆိုင်ခန်းများနှင့် မြို့ပေါ်ရပ်ကွက်အတွင်းရှိ  ဆန်ဆိုင်များသို့ သွားရောက်ကာ ဆန်အမျိုးအစားအလိုက် ဈေးနှုန်းမြှင့်တင်ရောင်းချရန်နှင့် စျေးနှုန်းမြင့်တင်ရောင်းချရန်အလို့ငှာ သို‌လှောင်ထားခြင်း ရှိ/မရှိကို လိုက်လံစစ်ဆေးပြီး ဈေးနှုန်းမြှင့်ရောင်ချမှုမပြုကြရေး အသိပညာပေး ဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။

သန်းဝင်းထွန်း (ပြန်/ဆက်)