ပွင့်ဖြူမြို့နယ်၌ သမဝါယမအသင်းသားတောင်သူများအားမျိုးနှင့် သွင်းအားစုများ ပေးအပ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် နိုင်ငံတော်ထောက်ပံ့ငွေဖြင့် လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်ရောင်)စီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေမှ ၂၀၂၆-၂၀၂၇ဘဏ္ဍာနှစ်အတွက် သမဝါယမအသင်းသားများအား မျိုးနှင့်သွင်းအားစုပေးအပ်ပွဲ အခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီက ပွင့်ဖြူမြို့နယ် မုန်တောကြီးကျေးရွာ သီဟဇွဲမာန်စိုက်/ထွေ သမဝါယမအသင်းဥက္ကဋ္ဌ နေအိမ်တွင် ကျင်းပသည်။

နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်း တက်ရောက်ခြင်းဆိုင်ရာ အခွင့်အလမ်းများအား ကွင်းဆင်းပညာပေးဟောပြော

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ နောင်ချိုမြို့နယ် မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ စိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းတက်ရောက်ခြင်းဆိုင်ရာအခွင့်အလမ်းများအား နောင်ချိုမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်းများသို့ သွားရောက်ကာ ကွင်းဆင်းပညာပေးဟောပြောခြင်းများကို ဇွန်လ (၁၂) ရက်နေ့၊ နံနက် ၁၀ နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ရွှေပြည်သာမြို့နယ်၌ ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိအညာပေး ဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊မင်္ဂလာဒုံခရိုင်၊ရွှေပြည်သာမြို့နယ်၌‌ ကျောင်းသား/သူများအား ယာဉ် အန္တရာယ်၊ လမ်းအန္တရာယ်ကင်းဝေးစေရန် ယာဉ်စည်းကမ်း၊လမ်းစည်းကမ်း အသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီက အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။

မလှိုင်မြို့နယ်၌ အခွန်ဆိုင်ရာရှင်းလင်းဟောပြော

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင်၊ မလှိုင်မြို့နယ်၌ အခွန်ဆိုင်ရာရှင်းလင်းဟောပြောပွဲ ကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရှိ ဇေယျာအောင်သံအစည်းအဝေးခန်းမတွင်   ဇွန်လ ဒုတိယပတ်က ကျင်းပသည်။

ကျိုင်းလပ်မြို့၊ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းလပ်မြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဉီးစီးဌာနသည် ကျောင်းသား၊ကျောင်းသူများ ဉာဏ်ရည်၊ဉာဏ်သွေးထက်မြက်စေရန်ရည်ရွယ်၍ ပြိုင်ပွဲများစဉ်ဆက်မပြတ် ကျင်းပပြုလုပ်ပေးလျက်ရှိရာ ယနေ့နံနက်ပိုင်းက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကဗျာရွတ်ပြိုင်ပွဲ ကျင်းပပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့နယ်၌ ၂၀၂၆ ခုနှစ် ခရိုင်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင်ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေး ကော်မတီ ၏လမ်းညွှန်မှုဖြင့် ဖျာပုံမြို့နယ်သစ်တောဦးစီးဌာန ၊ဦးစီးအရာရှိ ဦးသိန်းကိုနှင့်ဝန် ထမ်းများမှဦးဆောင်၍ သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရန်၊ ရာသီဥတုမျှတပြီး အပူချိန်ထိန်း ညှိပေးရန်၊ သစ်တောသယံဇာတ ရေရှည်တည်တံ့စေရန်၊ ဂေဟစနစ်နှင့် ဇီဝမျိုးစုံမျိုး ကွဲများအား ထိန်းသိမ်းရန်နှင့် သစ်တောထိန်းသိမ်းရေး လုပ်ငန်းများတွင် ပြည်သူများတက်ကြွစွာ ပူးပေါင်းပါဝင် လာစေရန် ရည်ရွယ်၍ ၂၀၂၆ ခုနှစ် ခရိုင်အဆင့် မိုးရာသီ သစ်ပင်စိုက်ပျိုးပွဲတော်ကို ဇွန်လ ၁၅ ရက်နေ့ နံနက် (၈)နာရီအချိန်က ဖျာပုံမြို့နယ်၊ သလိပ်ကြီးကျေးရွာ၊ ဖျာပုံ-ကျိုက်လတ်ကား လမ်းမကြီးဘေး တွင်ကျင်းပ စိုက်ပျိုးခဲ့ကြသည်။

မိုင်းပန်မြို့နယ်၌ ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း (လီမိတက်) ၏ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ် အရပ်ရပ်ဆိုင်ရာအစည်းအဝေး ကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်၌ ဝန်ထမ်းပေါင်းစုံငွေစုငွေချေးသမဝါယမအသင်း (လီမိတက်) ၏ ၂၀၂၅-၂၀၂၆ ခုဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်ဆိုင်ရာအစည်းအဝေးကို မြို့နယ်သမဝါယမဦးစီးဌာနရုံး၌ ယမန်နေ့နံနက် ၉ နာရီက ကျင်းပသည်။

ပခုက္ကူမြို့နယ်၌ Placement Test (အထူးအစီအစဉ်)တွင် ဝင်ရောက်ဖြေဆိုသူ ၁၄၂၁ဦးရှိ

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်၌ ၂၀၂၆-၂၀၂၇ပညာသင်နှစ်တွင် ဆက်လက်သင်ယူခွင့်ရရှိရေးအတွက် Placement Test(အထူးအစီအစဉ်)ကို ယနေ့နံနက် ၉ နာရီအချိန်ကစတင်ပြီး စာစစ်ဌာန ၂ခုတွင် ကျင်းပရာ ဝင်ရောက်ဖြေဆိုသူ ၁၄၂၁ ဦးရှိကြောင်း သိရသည်။

ကြံခင်းမြို့၌ ရက် (၁၀၀) စီမံချက်ဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကြံခင်းမြို့နယ်ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှကြီးမှူး၍ ရက် (၁၀၀) စီမံချက်ဖြင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်၊ အသက်မွေးဝမ်းကျောင်း အထောက်အကူပြု တန်းဖိုးမြှင့်စားသောက်ကုန်ထုတ်လုပ်မှုနည်းပညာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေနေ့နံနက် ၁၀ နာရီက ဧရာဝတီတိုင်းဒေသကြီး၊ ကြံခင်းမြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုး တက်ရေးဦးစီးဌာန၊ သင်တန်းခန်းမ၌ပြုလုပ်ခဲ့ရာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးပြည်သိမ်းကျော်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် များဖြစ်ကြသော ဦးအောင်ဆန်းဝင်း၊ မြို့နယ်စီမံကိန်းဦးစီးမှူးရုံးမှ လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ချိုမာဝင်း၊ မြို့နယ်ဥပဒေအရာရှိ ဦးရဲနိုင်၊  မြို့နယ်အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးနှင့်ဝန်ထမ်းများ၊ မြစိမ်းရောင်ကျေးရွာ စီမံကိန်းမှ သင်တန်းသူများ တက်ရောက်ကြသည်။

မိုင်းတုံခရိုင်၊ မိုင်းတုံမြို့၌ (၂၀၂၆-ခုနှစ်) မိုးရာသီသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းတုံခရိုင်၊ မိုင်းတုံမြို့နယ်၌ ဇွန်လ (၁၃) ရက်နေ့ နံနက် ၈ နာရီအချိန်က ပန်ကျိုင်းကျေးရွာတွင် ( ၂၀၂၆-ခုနှစ် )မိုးရာသီကာလအတွင်း ပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေးအတွက် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ကျင်းပခဲ့သည်။
Subscribe to