“နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့”နှင့်အညီ တပ်ကုန်းမြို့၌ MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲကျင်းပ
“နိုင်ငံတော်ရွှေသီးဖို့ ကုန်ထုတ်လုပ်မှုအားပေးစို့” နှင့်အညီ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် တပ်ကုန်းမြို့နယ် MSME အသင်းမှ ဦးဆောင်ကျင်းပသည့် MSME ထုတ်ကုန်ပြပွဲ၊ ပြိုင်ပွဲများကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်အောင်ဆန်းခန်းမတွင် ကျင်းပခဲ့သည်။