ကျောက်ပန်းတောင်းမြို့၌ မီးဘေးလုံခြုံရေးနှင့် မိုးသက်လေပြင်းတိုက်ခတ်နိုင်မှုများ သတိပြုကြရန် အသိပေး
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ ပူပြင်းခြောင်းသွေ့မှု နှင့်အတူ မိုးသက် လေပြင်းများ ကျရောက်လာနိုင်သဖြင့်၊ မီးဘေးလုံခြုံရေးနှင့် လေပြင်းဘေးတို့အား ပြည်သူများ သတိပြုနေထိုင်ကြရန် အသိပေးနှိုးဆော်ခြင်းကို ဧပြီ ၉ ရက် ညနေ ၃ နာရီက မြို့နယ်မီးသတ်ဦးစီးဌာန ဝန်ထမ်းများက မြို့ပေါ် လမ်းများအလိုက် လှည့်လည်ဆော်ဩသည်။