ကချင်ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် ပူတာအိုမြို့နယ်အတွင်း စားသုံးဆီဖူလုံရေးနှင့် မိခင်နှင့်ကလေးကြီးကြပ်မှုစောင့်ရှောက်ရေးအသင်းပိုင် သားဖွားခန်းပြုပြင်တည်ဆောက်နေမှုများအား ကွင်းဆင်းစစ်ဆေး
မြန်မာနိုင်ငံမြောက်ဖျား “ပူတာအိုဒေသ စားသုံးဆီဖူလုံဖို့အားလုံးဝိုင်းဝန်းကြိုးပမ်းစို့” ဆောင်ပုဒ်နှင့်အညီ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ လမ်းညွှန်မှုဖြင့် ပူတာအိုခရိုင်တွင် စားသုံးဆီဖူလုံရေးအတွက် ဆီထွက်သီးနှံတိုးချဲ့စိုက်ပျိုးနိုင်ရေး၊ ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ဒီဇင်ဘာ ၁၈ ရက် နံနက်ပိုင်းက ပူတာအိုမြို့နယ်အတွင်း ဆီမုန်ညှင်းစိုက်ပျိုးနိုင်ရေးအတွက် ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။