တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် မိုးစပါး ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစု များနှင့် ဥယျာဉ်ခြံသီးနှံပျိုးပင်များ ပေးအပ်၊ MSMEs လုပ်ငန်းများအား ကြည့်ရှု
တနင်္သာရီတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဇော်နိုင်ဦးသည် တိုင်းဒေသကြီး ဝန်ကြီးများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဇွန်(၁၄)ရက်နံနက်ပိုင်းက မြိတ်မြို့ပုလဲရတနာခန်းမတွင် မြိတ်ခရိုင်အတွင်းမြို့နယ်များရှိ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာများအတွက် မျိုးစပါး၊ မြေဩဇာ၊ မျိုးစေ့ချကိရိယာများနှင့် အကျိုးဆောင်ခြံရှင်များအား ကော်ဖီ၊ ကိုကိုးနှင့် ဥယျာဉ်ခြံသီးနှံပျိုးပင်များ ပေးအပ်ပွဲတက်ရောက်သည်။