သရက်မြို့နယ်၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ကြမည့် မဲပေးပိုင်ခွင့်ရှိသူများ၏ ကြိုတင်ဆန္ဒမဲပေးခြင်း စတင်ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ သရက်မြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကြီး ကျင်းပပြုလုပ်မည်ဖြစ်ပါသဖြင့် ရွေးကောက်ပွဲတွင် တာဝန်ယူဆောင်ရွက်ကြရမည့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ နယ်မြေလုံခြုံရေးတာဝန်ယူနေကြသည့် နယ်မြေခံတပ်ရင်းတပ်ဖွဲ့ဝင်များအား ကြိုတင်ဆန္ဒမဲပေးခြင်းကို  ယမန်နေ့မှစတင်၍ ဆောင်ရွက်လျက်ရှိသည်။

ကလိန်အောင်မြို့၌ ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် အလံလွှင့်တင်ခြင်းအခမ်းအနား ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထာဝယ်ခရိုင်၊ ကလိန်အောင်မြို့၊ မိကျောင်းလှောင်းကျေးရွာ(ရွာသစ်)ရှိ ဘောလုံးကွင်း၌ ယနေ့ နံနက်ပိုင်းက ကရင်အမျိုးသားနှစ်သစ်ကူးပွဲတော်နှင့် အလံလွှင့်တင်ခြင်းအခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့တွင် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်အခမ်းအနား ကျင်းပ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ ကရင်နှစ်သစ်ကူးကျင်းပရေးကော်မတီမှဉီးဆောင်၍ ကရင်သက္ကရာဇ် (၂၇၆၄)ခုနှစ်၊ ပြာသိုလဆန်း ၁ ရက်နေ့တွင် ကျရောက်သည့် ကရင်နှစ်သစ်ကူးနေ့အထိမ်းအမှတ်အခမ်းအနားကို ယနေ့နံနက် (၆)နာရီက ကက်သလစ်သာသနာဝင်းတွင် ကျင်းပပြုလုပ်ရာ တံခွန်တိုင်အဖို၊ အမစိုက်ထူခြင်း၊ ကရင်အမျိုးသားအလံတော်အား လွှင့်တင်အလေးပြုခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆောက်အဦလက်သမားနှင့် အုတ်စီလုပ်သားသင်တန်း သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဗဟိုသင်တန်းကျောင်းမှ နည်းပြဆရာ၊ ဆရာမများ၊ ကျွမ်းကျင်ပညာရှင်များပူးပေါင်းဖွင့်လှစ်သည့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု အဆောက်အဦလက်သမားနှင့် အုတ်စီလုပ်သားသင်တန်း သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ချမ်းအေးသာစံမြို့နယ်ရှိ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊ လမ်းဦးစီးဌာနတွင် ကျင်းပခဲ့သည်။

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)တွင် တက်ရောက်နေသော သင်တန်းသားသင်တန်းသူများ၏ အထူးနေ့လယ်စာစားပွဲ တက်ရောက်

မန္တလေးတိုင်းဒေသကြီး အားကစားနှင့် ကာယပညာသိပ္ပံ(မန္တလေး)တွင် တက်ရောက်နေသော ၂၀၂၅-၂၀၂၆ ပညာသင်နှစ်မှ သင်တန်းသားသင်တန်းသူများ နှင့် B.Sc Sport အားကစားပညာဘာသာရပ် သင်ကြားနေသော ကျောင်းသား ကျောင်းသူများ၏  အထူးနေ့လယ်စာ စားပွဲအခမ်းအနားကို ဒီဇင်ဘာ ၁၈ ရက်နံနက်ပိုင်းက ချမ်းမြသာစည်မြို့နယ်၊ အားကစားနှင့်ကာယပညာသိပ္ပံ(မန္တလေး)ရှိ စားရိပ်သာတွင် ကျင်းပသည်။

ကျောက်ဆည်မြို့နယ်တွင် ကုလားပဲသီးနှံ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ

ကျောက်ဆည်မြို့နယ်တွင် ကုလားပဲသီးနှံ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကျင်းပ ကျောက်ဆည် ဒီဇင်ဘာ ၁၉ အောင်ပိုင်ပိုင်ကျော်

ခရမ်းမြို့နယ်တွင် အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းအကြောင်း အသိပညာပေး Talk Show ပြုလုပ်

ခရမ်းမြို့နယ်တွင် အွန်လိုင်းမှတစ်ဆင့် ဝယ်ယူခြင်းအကြောင်း အသိပညာပေး Talk Show ပြုလုပ် ခရမ်း ဒီဇင်ဘာ ၁၉ မြို့နယ်(ပြန်/ဆက်)

မြောက်ဥက္ကလာပမြို့နယ်၌ လူငယ်နှင့်အသိပညာအကြောင်း အသိပညာပေးTalk show ပြုလုပ်

မြောက်ဥက္ကလာပမြို့နယ်၌ လူငယ်နှင့်အသိပညာအကြောင်း အသိပညာပေးTalk show ပြုလုပ် မြောက်ဥက္ကလာပ ဒီဇင်ဘာ ၁၉ သက်လွင်စိုး(ပြန်/ဆက်)

၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ

၂၀၂၅ ခုနှစ် ပါတီစုံအထွေထွေရွေးကောက်ပွဲ အသိပညာပေး Talk Show ဆွေးနွေးပွဲ ကျင်းပ မော်လမြိုင် ဒီဇင်ဘာ ၁၉ ခင်စန်းမြင့် (ပြန်/ဆက်)
Subscribe to