ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် (၇၈)နှစ်မြောက် လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)မြို့နယ်၌ မြို့နယ်ကားကစားနှင့် ကာယပညာဦးစီးဌာနနှင့် အမှတ်(၉၂)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးတို့ ကြီးမှူးကျင်းပသော လွတ်လပ်ရေးနေ့အထိမ်းအမှတ် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌဖလား အမျိုးသားအလွတ်တန်း ဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉:၀၀)နာရီက  အမှတ် (၉၂) ရပ်ကွက်၊ ဘောလုံးကွင်းတွင် ကျင်းပသည်။

ပွင့်ဖြူမြို့နယ် လယ်လှကုန်းကျေးရွာ၌ မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေ ထုတ်ချေး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက လယ်လှကုန်းကျေးရွာ၌ ကျေးလက်နေပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများရရှိပြီး တစ်နိုင်တစ်ပိုင် မိသားစုဝင်ငွေတိုးလုပ်ငန်းများ ဆောင်ရွက်နိုင်ရန်အတွက် (၁၁)ကြိမ်မြောက် မြစိမ်းရောင်ကျေးရွာ စီမံကိန်းရန်ပုံငွေ ထုတ်ချေးပေးခြင်းကို ယနေ့နံနက်ပိုင်းက အဆိုပါ ကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

တောင်ငူမြို့၌ ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့်သူများ ကြိုတင်ဆန္ဒမဲပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်အားကစားကွင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ယနေ့နံနက် (၈)နာရီအချိန်ခန့်က တောင်ငူမြို့နယ်အတွင်း ရွေးကောက်ပွဲတွင် တာဝန်ထမ်းဆောင်ရမည့် ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ခရိုင်၊ မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာ ကော်မရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ  ကြိုတင်ဆန္ဒမဲပေးကြသည်။

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်း ညောင်ရွှေမြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင်၊ ပြည်နယ်လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး စိန်ဝင်းသည် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့်အတူ ရေကြီးရေလျှံမှုများ လျော့နည်းသက်သာစေရေးအတွက် ညောင်ရွှေမြို့နယ်အတွင်း ရေထိန်းတာပေါင် ကျိုးပေါက်ခြင်းလုပ်ငန်း၊ မြေထိန်းနံရံ ကျောက်စီခြင်းလုပ်ငန်း၊ စနစ်တကျလယ်ယာမြေဖော် ထုတ်ရေးလုပ်ငန်းများ၊ သာစည်ကန် သဲနုန်းတူးဖော်ရေး လုပ်ငန်းများအား ယမန်နေ့ နံနက်ပိုင်းက သွားရောက်ကြည့်ရှုစစ်ဆေးသည်။

၂၀၂၅ ခုနှစ်၊ ကယားပြည်နယ် ဒီဇင်ဘာလူထုအားကစားလ (တတိယရက်သတ္တပတ်) စုပေါင်းလမ်းလျှောက်ပွဲကျင်းပ

ကယားပြည်နယ်အစိုးရအဖွဲ့မှကြီးမှူး၍ ပြည်သူများ ကျန်းမာကြံ့ခိုင်သောနေ့စဉ်လူမှုဘဝများကို ပိုင်ဆိုင်နိုင်ရန် ဒီဇင်ဘာလူထုအားကစားလ (တတိယရက်သတ္တပတ်) စုပေါင်းလမ်းလျှောက်ပွဲကို ယနေ့နံနက်ကလွိုင်ကော်မြို့၊ ကန္ဒာဟေဝန်ပန်းခြံ၊ ကျောက်သားရင်ပြင်တွင် စုရပ်ပြုလုပ် ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးဇော်မျိုးတင်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ ကျေးရွာများမှ ဒေသခံတိုင်းရင်းသားပြည်သူများ တက်ရောက်ဆင်နွှဲကြကြောင်း သိရသည်။

ရေနံချောင်းမြို့နယ်၌ သီးနှံ ၁၀ မျိုး၏ ပန်းတိုင်အထွက်နှုန်းအလိုက် စာရင်းကောက်ယူ

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ရေနံချောင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် အဓိကသီးနှံ(၁၀)မျိုးနှင့်စပ်လျဉ်း၍ ပန်းတိုင်ရည်မှန်းချက်နှင့် အထွက်နူန်း မကောင်းရခြင်း အကြောင်းအရင်းများအား မေးမြန်းစစ်တမ်း ကောက်ယူခြင်းလုပ်ငန်းများကို ယမန်နေ့က ဘူးကျွန်းကျေးရွာတွင် ကွင်းဆင်းဆောင်ရွက်သည်။

မိုင်းပန်မြို့နယ် စဝ်ကောလီခန်းမ၌ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် စက်ကိုင်များ(မွမ်းမံ)သင်တန်း ပို့ချ

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မိုင်းပန်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးမှ မဲရုံမှူး၊ ဒုတိယမဲရုံမှူးနှင့် စက်ကိုင်များ(မွမ်းမံ)သင်တန်းကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲမှ မြို့နယ်စဝ်ကောလီခန်းမ၌ ယနေ့နံနက် (၉)နာရီခွဲက ကျင်းပသည်။

ဒီဇင်ဘာလူထုအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကျင်းပ

ကိုယ်လက်လှုပ်ရှားအားကစား ကျန်းမာရေးလေ့ကျင့်ခန်းများ ဆောင်ရွက်ခြင်းဖြင့် တစ်ဦးတစ် ယောက်ချင်းစီမှသည် တစ်မျိုးသားလုံးကျန်းမာကြံ့ခိုင်လာစေရေး ၂၀၂၅ ခုနှစ် ဒီဇင်ဘာလူထု အားကစားလစုပေါင်းလူထုလမ်းလျှောက်ပွဲကို ဒီဇင်ဘာ ၂၀ ရက် နံနက် ၅ နာရီ ၄၅ မိနစ်က ကမ္ဘောဇဘဏ်ရှေ့တွင် စုရပ်ထား၍ကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် နှင့်တာဝန်ရှိသူ များ ပါဝင်ဆင်နွှဲခဲ့ကြသည်။

လွိုင်ကော်မြို့၌ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်လှစ်

ကယားပြည်နယ်အစိုးရအဖွဲ့၏ ခွင့်ပြုဘဏ္ဍာငွေဖြင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက လွိုင်ကော်မြို့၊ အမှတ်(၅)အခြေခံပညာအထက်တန်း ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကလောမြို့မောမြေဦးပန်းခြံ၌ပထမအကြိမ်ပန်းပွဲတော်ကို ၁၅ ရက်တိုင်တိုင်ကျင်းပမည်

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့မောမြေဦးပန်းခြံ၌ ခရီးသွားကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက်ရည်ရွယ်၍ ပထမအကြိမ် ပန်းပွဲတော်ကို ၂၀၂၆ ခုနှစ်၊ ဇန်နဝါရီလ ၁ ရက်နေ့မှ ၁၆ ရက်နေ့အထိ ဝင်ကြေးအခမဲ့ဖြင့် စည်ကားသိုက်မြိုက်စွာကျင်းပသွားမည်ဖြစ်ကြောင်း မောမြေဦး ပန်းခြံမှ တာဝန်ရှိသူထံမှသိရသည်။
Subscribe to