ကမမောင်းမြို့၌ နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် UID ကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
ကရင်ပြည်နယ် ဖာပွန်ခရိုင် ကမမောင်းမြို့တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အား ဝန်ကြီးဌာန၊ ဖာပွန်မြို့နယ်ဦးစီးမှူးရုံးမှ နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀)လမင်းစီမံချက်ဖြင့် နိုင်ငံသား စိစစ်ရေးကတ်ပြားထုတ်ပေးခြင်းလုပ်ငန်းနှင့် နိုင်ငံသားကိုယ်ရေးအချက်အလက် UID(Unique Indentity) ထုတ်ပေးခြင်း လုပ်ငန်းများကို ယနေ့နံနက် (၁၀)နာရီက ကမမောင်းမြို့ အခြေခံပညာအထက်တန်းကျောင်း၌ တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးသည်။