နတ်တလင်းမြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ကြိုတင်ဆန္ဒမဲပေး
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်ရဲတပ်ဖွဲ့၊ နတ်တလင်းမြို့နယ် မြို့မရဲစခန်းဝင်းအတွင်း ယမန်နေ့နံနက် (၉) နာရီအချိန်က နတ်တလင်းခရိုင်ရုံးနှင့် မြို့နယ်အတွင်းရှိ မြန်မာနိုင်ငံရဲတပ်ဖွဲ့ဝင်များ ကြိုတင်ဆန္ဒမဲ စတင်ပေးခဲ့ကြောင်း သိရသည်။