မြို့သစ် ဇွန် ၁၆
မကွေးတိုင်းဒေသကြီးကုသရေးဦးစီးဌာန၊ သင်ကြားရေးဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများမှ မြို့သစ်မြို့နှင့် အနီးဝန်းကျင်ရှိ ကျေးရွာများမှ ဒေသခံပြည်သူများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးအတွက် ဇွန် ၁၆ ရက်နံနက်ပိုင်းတွင် မြို့သစ်မြို့ ကွက်သစ်ရပ်ကွက်ရှိ မြို့နယ်ကျန်းမာရေးဌာန၊ ဆေးရုံကြီး၌ ကွင်းဆင်းဆောင်ရွက်သည်။
ထိုသို့ကွင်းဆင်းကုသပေးလျက်ရှိရာ ကင်ဆာ၊ သားဖွား/ မီးယပ်၊ သွားနှင့်ခံတွင်း၊ ခွဲစိတ်/ အရိုး၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ မျက်စိနှင့် ကလေးကျန်းမာရေးဆိုင်ရာများကို မြို့သစ်မြို့နှင့်အနီးဝန်းကျင်ရှိ ကျေးရွာများက ဒေသခံပြည်သူများ လာရောက်ပြသလျက်ရှိရာ အခမဲ့ကုသပေးလျက်ရှိကြောင်း သိရသည်။
သန်းဝင်းထွန်း(ပြန်/ဆက်)