လက်ပံတန်းမြိုနယ်၌ Placement Test စာမေးပွဲကျင်းပ

လက်ပံတန်း ဇွန် ၁၆

၂၀၂၆-၂၀၂၇ ပညာသင်နှစ်တွင် အကြောင်းအမျိုးမျိုးကြောင့် ကျောင်းပြင်ပသို့ ရောက်ရှိနေသော အခြေခံပညာမူလတန်းဆင့်နှင့် အလယ်တန်းဆင့် ကျောင်းသား ကျောင်းသူများအား ပညာဆက်လက်သင်ယူနိုင်မည့် အထူးအစီအစဉ်ဖြင့် ဆောင်ရွက်သည့် Placement Test စာမေးပွဲကို ပဲခူးတိုင်းဒေသကြီး သာယာဝတီခရိုင် လက်ပံတန်းမြို့နယ် အ.ထ.က (၃) စာစစ်ဌာနတွင် ယနေ့ နံနံက်ပိုင်းက ကျင်းပသည်။

အဆိုပါစာမေးပွဲသို့ လက်ပံတန်းမြို့နယ်အတွင်းမှ ကျောင်းပြင်ပရောက် မူလတန်းအဆင့် ကျောင်းသား ကျောင်းသူ ၁၇ ဦးနှင့် အလယ်တန်းအဆင့် ကျောင်းသား ကျောင်းသူ ၈ ဦး စုစုပေါင်း ၂၅ ဦး ဝင်ရောက်ဖြေဆိုပြီး ကျောင်းပညာ ဆက်လက်သင်ကြားခွင့်ရသည့်အတွက် ကျောင်းသား ကျောင်းသူများနှင့် မိဘများက ကျေး‌ဇူးတင်ဝမ်းမြောက်လျက်ရှိကြောင်း မြို့နယ်ပညာရေးမှူး ဆရာမကြီးဒေါ်ဥမ္မာဦးက ‌ပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)