ဟုမ္မလင်း မေလ ၅
စစ်ကိုင်းတိုင်းဒေသကြီး၊ ဟုမ္မလင်းမြို့နယ် အတွင်းရှိ ရပ်ကွက်၊ ကျေးရွာများမှ အသက် ၁ နှစ်ခွဲအောက်ကလေးငယ်များအား ပုံမှန်ကာကွယ်ဆေးထိုး၊ ဆေးတိုက်ပေးခြင်းကို ဟုမ္မလင်းမြို့နယ်၊ ပြည်သူ့ကျန်းမာ ရေးဦးစီးဌာနရုံး၌ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ ပုံမှန်ကာကွယ်ဆေးထိုး၊ဆေးတိုက်ရာတွင် ကျန်းမာရေးဦးဌာနမှ ဝန်းထမ်းများက အသက်၁နှစ်ခွဲအောက်ကလေးငယ်များအား ဘီစီဂျီ၊ ပြင်းထန်းဝမ်းပျက်ဝမ်းလျှော့ (ရိုတာ)၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ဆုံဆို့- ကြက်ညှာ၊မေးခိုင်-အသည်းရောင်အသားဝါ (ဘီ) ဦးနှောက်အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ၊ ဝက်သက်-ဂျိုက်သိုး၊ ဂျပန်ဦးနှောက်ရောင်စသည့် ကာကွယ်ဆေးများကို ထိုးနှံတိုက်ကျွေးပေးခြင်းနှင့် ကလေးကိုယ်အလေးချိန်တိုင်းတာပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
အဆိုပါ အသက် ၁ နှစ်အောက် ကလေးငယ်များ ကာကွယ်ဆေးထိုးနှံ၊ ဆေးတိုက်ကျွေးခြင်းကို မေ လ ၄ ရက်နေ့မှ ၆ ရက်နေ့အထိ ဆောင်ရွက်ပေးသွားမည်ဖြစ်ပြီး လစဉ်ပုံမှန်ဆောင်ရွက်ပေးလျက်ရှိကြောင်း မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။
ဟုမ္မလင်း (ပြန်/ဆက်)