မြစ်သားမြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် Grade-10 နှင့် Grade-11 ကျောင်းတွင်းစစ် (ပြင်ပဖြေ) ဆက်လက်ဖြေဆို

မြစ်သား မေ 

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် အခြေခံပညာအထက်တန်းအဆင့် Grade-10 နှင့် Grade-11 အင်္ဂလိပ်စာဘာသာရပ် ကျောင်းတွင်းစစ် (ပြင်ပဖြေ) ဖြေဆိုခြင်းကို မေ  ရက် နံနက် ၉ နာရီက ဆက်လက်ဖြေဆိုခဲ့ကြသည်။

အဆိုပါစာမေးပွဲကို မြစ်သားမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်း‌ကျောင်းများမှ ကျောင်းတွင်းစစ်(ပြင်ပဖြေ) Grade-10 STEAM-1 ဘာသာတွဲတွင် ကျောင်းသား ၁ ဦး၊ ကျောင်းသူ ၈ ဦး စုစုပေါင်း ဦး ဖြေဆိုခဲ့ပြီး Grade-11 STEAM-1 ဘာသာတွဲတွင် ကျောင်းသား ၄ ဦး၊ ကျောင်းသူ ၉ ဦးစုစုပေါင်း ၁၃ ဦးတို့ ဝင်‌ရောက်ဖြေဆိုခဲ့ကြရာ မြို့နယ်ပညာရေးမှူး၏ ကြီးကြပ်မှုဖြင့် စာစစ်ဌာနကြီးကြပ်ရေးမှူးများ၊  တာဝန်ကျ ဆရာ၊ ဆရာမများက အနီးကပ်ကြီးကြပ် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ဝါဝါမြင့် (မြစ်သား)