ငပုတောမြို့နယ် တင်းချောင်းကျေးရွာတွင် လွှတ်တော်ကိုယ်စားလှယ်များနှင့် ပြည်သူများနှင့် တွေ့ဆုံပွဲအခမ်းအနားကျင်းပ

ငပုဝောာ မေလ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပု‌တောမြိုနယ် တင်းချောင်းကျေးရွာအုပ်စု ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ငပုတောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်ခင်သန်းမြင့်၊ တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ်ဦးမင်းမင်းကျော်၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဒေါ်နမ့်အေးအေးကြူနှင့် မြို့အဆင့်ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများနှင့် ပြည်သူများတွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ရက် ၁၀၀ စီမံချက်ဖြင့် ပြည်သူ့အကျိုးပြု လုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ဒေသခံပြည်များနှင့် တွေ့ဆုံခဲ့ကြသည်။

အဆိုပါတွေ့ဆုံပွဲတွင်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဒေါ်ခင်သန်းမြင့်က လွှတ်တော်ကိုယ်စားလှယ်များသည် ပြည်သူကရွေးခြယ်တင်မြှောက်ထားသော ဒေသခံပြည်သူများဖြစ်သည့်အတွက် မိမိဒေသဖွံ့ဖြိုးတိုးတက်ရေး ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့်ဒေသဖွံ့ဖြိုးတိုးတက်လုပ်ငန်းများအတွက် ဒေသခံပြည်သူများက လိုအပ်သည်များကို တင်ပြဆွေးနွေးသွားရန်ပြောကြားခဲ့ပြီး တိုင်းဒေသကြီးဒေသကိုယ်စားလှယ် (၂) ဦးက မိတ်ဆက်စကားပြောကြားခဲ့သည်။

ဆက်လက်ပြီးကျေးရွာရှိ ဒေသခံပြည်သူများကကျေးရွာလိုအပ်ချက်များကို တင်ပြဆောင်ရွက်ရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နှင့် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)