ကျောင်းကုန်းမြို့၌ Football for School အစီအစဉ်အရ ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ် အားကစားသင်တန်းများ ဖွင့်လှစ်

ကျောင်းကုန်း မေ ၅

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ၏ ဦးဆောင်ကြီးကြပ်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် မြို့နယ်အခြေခံပညာဦးစီးဌာနတို့၏ Pilot  Product အစီအစဉ်အရ ပူးပေါင်းဖွင့်လှစ်သည့် (Football for School) ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ်အားကစားသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် ၈ နာရီ အချိန်ခန့်က ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးကိုကိုဦးက အဖွင့်အမှာစကားပြောကြားပြီး၊ ဘောလုံးပေးအပ်ခဲ့သည်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထိန်ဝင်းက ခြင်းလုံးပေးအပ်ခဲ့ပြီး၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းအေးက ဝတ်စုံပေးအပ်ခဲ့သည်။

ထို့နောက် ဘောလုံး၊ ပိုက်ကျော်ခြင်းနှင့် ပြေးခုန်ပစ်အားကစားများ သင်ကြားပြသပေးခဲ့ကြပြီး၊ သင်တန်းကာလမှာ မေလ(၅)ရက်နေ့မှ(၂၂)ရက်နေ့အထိ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)