ကျောက်ဆည်မြို့နယ် ရွာပုလဲကျေးရွာ၌ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ ရောင်းချပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ရွာပုလဲကျေးရွာ၌ စက်တင်ဘာလ ၂၄ ရက်နေ့ နံနက်ပိုင်းက ခရိုင်ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်အသင်းမှ ဈေးနှုန်းချိုသာစွာဖြင့် စားအုန်းဆီများ လက်ဝယ်အရောက် ရောင်းချပေးခဲ့ကြောင်း သိရသည်။

ပွင့်ဖြူမြို့နယ်တွင် မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ကျွဲနွားတိရစ္ဆာန်အစာ ဧက ၇၁၀ ရိတ်သိမ်းပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်အတွင်း ယခုနှစ်မိုးသီးနှံစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သော ကျွဲနွားတိရစ္ဆာန် အစာပင်ဧက ၇၁၀ အထိ ရိတ်သိမ်းပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်းသီးနှံ ပိုးသတ်ဆေးစနစ်တကျသုံးစွဲရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ

ကျောက်ဆည်မြို့နယ်တွင် ပဲတီစိမ်းသီးနှံ ပိုးသတ်ဆေးစနစ်တကျသုံးစွဲရေး အသိပညာပေး ဆွေးနွေးပွဲ ကျင်းပ ကျောက်ဆည် စက်တင်ဘာ ၂၄ အောင်ပိုင်ပိုင်ကျော်

စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစမ်းသပ်စစ်‌ဆေးကုသပေးခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်‌ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို‌ ယနေ့နံနက်(၉)နာရီခွဲက စေတုတ္တရာမြို့နယ် မိခင်နှင့်က‌လေးဌာနရုံး၌ ဆောင်ရွက်ခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ အကြောင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပ

ကျောက်ဆည်မြို့နယ်တွင် ငလျင်ဘေးအန္တရာယ်အသိပညာပေးဆွေးနွေးပွဲ အကြောင်း အသိပညာပေးဆွေးနွေးပွဲ ကျင်းပ ကျောက်ဆည် စက်တင်ဘာ ၂၄ အောင်ပိုင်ပိုင်ကျော်

နတ်မောက်မြို့၌ စာဖတ်ရှိန်မြှင့်တင်ရေး စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြလုပ်ခဲ့သည်။

မအူပင်မြို့နယ်တွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့၌ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများတွေ့ဆုံ၍ ပါတီစုံ ဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေး ရွေး ကောက်ပွဲဆိုင်ရာကိစ္စများ ရှင်းလင်းဆွေးနွေးပွဲအား ယနေ့နံနက် (၉)နာရီက ခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ဆောင်ရွက်သည်။

နတ်မောက်မြို့နယ် ပြည်သူ့ဆေးရုံကြီးတွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၈၅)နှစ်အထက် အဘိုး/ အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများနှင့် အသက်(၈၅)နှစ်အထက် အဘိုး/အဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက  မြို့နယ်ပြည်သူ့ဆေးရုံကြီးတွင် စမ်းသပ်စစ်ဆေးကုသမှုများပြုလုပ်ခဲ့ကြသည်။

ကလောမြို့နယ်၌ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိပြီး အာဟာရမုန့်များ လှူဒါန်း

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် မြန်မာ့စီးပွားဘဏ်တွင် ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများက ယမန်နေ့နံနက် ၉ နာရီက ကလောမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ် ကျေးလက်လမ်းဆောင်ရွက်မှု ကွင်းဆင်းစိစစ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်လမ်းဖွံ့ဖြိုးရေးဦးစီးဌာနမှ အင်ဂျင်နီယာချုပ် (မြို့ပြ) ဦးလှခိုင်၊ ညွှန်ကြားရေးမှူး (မြို့ပြ) ဦးကျော်ဇေယျာဝင်းနှင့်တာဝန်ရှိသူများသည် မန္တလေးတိုင်းဒေသကြီး ကျောက်ဆည်မြို့နယ်အတွင်း ပြည်ထောင်စု(ငွေလုံးငွေရင်း) ရန်ပုံငွေ (၁၂၃.၀၉) ကျပ်သန်းဖြင့် winner Myanmar Company မှ တာဝန်ယူဆောင်ရွက်သည့် ဖျောက်ဆိပ်ပင်ကျေးရွာအဝင်လမ်း (0.402km x 3.66m x 175mm) ကွန်ကရစ်ခြင်းခြင်းနှင့် မန္တလေးတိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေ (၈၇.၂၃) ကျပ်သန်းဖြင့် ဌာနမှဆောင်ရွက်ရှိသည့် သပြေသာ-ပင်တလည်-ပတ္တာလမ်း (2.851km x 4.88m x 200mm) ကျောက်ရောမြေခင်းခြင်းလုပ်ငန်းများ သတ်မှတ်အရည်အသွေးပြည့်မီ ကောင်းမွန်အောင် ဆောင်ရွက်ရန်မှာကြားခဲ့ပြီး အဆိုပါလမ်းများ ဆောင်ရွက်ပြီးပါက ကျေးရွာ (၉) ရွာ၊ လူဦးရေ (၁၆၇၆၃) ဦး အကျိုးပြုနိုင်မည်ဖြစ်ကြောင်း သိရသည်။
Subscribe to