ညောင်ဦးမြို့နယ် ပရိယတ္တိစာသင်တိုက်များအား ဆွမ်းဆန်တော်၊ ဆီ၊ ပဲ နှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း 

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်၌ ညောင်ဦးမြို့နယ် ပရိယတ္တိစာသင်တိုက်များအား ဆွမ်းဆန်တော်၊ မြေပဲဆီ၊ ပဲနီပြားလှူဒါန်းပွဲနှင့်ဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၄ ရက် နံနက် ၉ နာရီက ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမတွင် ကျင်းပသည်။

မင်းလှမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ဘောလုံးကွင်း တောင်ဘက် အနော်ရထာလမ်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ကြီးမှူး၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဝါးဒူးကျေးရွာအုပ်စု၊ အနောက်စုကြီးကျေးရွာတွင် ကျင်းပသည်။

ပေါင်းတည်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အကြို ဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အကြိုဟောပြောပွဲနှင့် ကဗျာရွတ်ပြိုင်ပွဲကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ဇွန်လ ၁၉ ရက်နေ့က ကျင်းပပြုလုပ်သည်။

သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း၌ အသိပညာပေးဟောပြောပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ပူးပေါင်း၍ မိဘအသိပညာပေးဟောပြောပွဲကို ယမန်နေ့က သရက်ချောင်းမြို့၊ လူမှုဝန်ထမ်းမူလတန်းကြိုကျောင်း အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကန်ကြီးထောင့်မြို့နယ်၌ ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ကော်ဖီပျိုးပင်ပေးအပ်ပွဲနှင့် စိုက်ပျိုးပွဲအခမ်းအနားကို ဇွန်လ(၂၃)ရက်နေ့ နံနက်ပိုင်းအချိန်ခန့်က ကျွန်းလျားရှည်ကျေးရွာအုပ်စု၊ ကျွန်းလျားရှည်ကျေးရွာတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား/အမျိုးသမီး ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်

ပိုက်ကျော်ခြင်းအားကစားနည်းဖြင့် ပြည်နယ်/နိုင်ငံ၏ဂုဏ်ကို ထိန်းသိမ်းမြှင့်တင် ဂုဏ်ဆောင်ပေးနိုင်သော ထူးချွန်ထက်မြတ်သည့် ရွက်ပုန်းသီးအားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန် ရည်ရွယ်ကျင်းပသည့် ၂၀၂၅ ခုနှစ် ကရင်ပြည်နယ်ဝန်ကြီးချုပ်ဖလား မြို့နယ်ပေါင်းစုံ အသက်(၂၃)နှစ်အောက် အမျိုးသား/ အမျိုးသမီးပိုက်ကျော်ခြင်းပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇွန် ၂၄ ရက် နံနက် ၉ နာရီက ဘားအံမြို့ လှာကမြင်ကွက်သစ် ဇွဲကပင်အားကစားကွင်းရှိ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပသည်။

တံတားဦးမြို့နယ် သူငယ်တော် အခြေခံပညာအထက်တန်းကျောင်း(ခွဲ) တွင်လူငယ်စကားဝိုင်းကျင်းပ

နိုင်ငံတော်၏ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်လာစေရန်၊ နိုင်ငံ့သားကောင်းရတနာများ ဖြစ်သည့်လူငယ်များ ဘက်စုံဖွံ့ဖြိုးတိုးတက်လာစေရန်နှင့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ပြည့်စုံကြွယ်ဝလာစေရန်၊ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ် ပါဝင်လာနိုင်ရေးတို့အတွက်ရည်ရွယ်ပြီး မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း ကျင်းပသည့် လူငယ်စကားဝိုင်ကို ယမန်နေ့မွန်းလွဲ (၂)နာရီက တံတားဦးမြို့နယ် သူငယ်တော် အခြေခံပညာအထက်တန်းကျောင်း(ခွဲ)တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ပင်လောင်းမြို့နယ် အခြေခံပညာမူလတန်း(လွန်)စင်းတောင်းကျောင်း၌ အသိပညာပေးဟောပြောပွဲ ကျင်းပ

လူငယ်၊ လူရွယ်များ အသိပညာဗဟုသုတများတိုးပွားစေရေးနှင့် ဗလငါးတန်ပြည်စုံစေရေးအတွက် မြို့နယ်အဆင့်ဌာနဆိုင်ရာများပူးပေါင်းပြီး အသိပညာပေးဟောပြောပွဲကို ရှမ်းပြည်နယ်တောင်းပိုင်း ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပင်လောင်းမြို့နယ် အခြေခံပညာမူလတန်း(လွန်)စင်းတောင်းကျောင်းတွင် ယမန်နေ့ မွန်းလွဲ ၁ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၊ မယ်တလိုင်းကျေးရွာ၌ မျိုးစေ့ချကိရိယာဖြင့် စိုက်ပျိုးခြင်းသရုပ်ပြပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၊ မယ်တလိုင်းကျေးရွာ၌ Drum seeder ဖြင့်စိုက်ပျိုးခြင်းသရုပ်ပြပွဲကို ယနေ့နံနက် (၁၁) နာရီအချိန်က မယ်တလိုင်းကျေးရွာ လယ်မြေ၌ ကျင်းပသည်။
Subscribe to