မြိတ်မြို့တွင် ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေး သင်တန်းဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရပ်ကွက်/ကျေးရွာအုပ်စု စာရေးဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားရေးသင်တန်း အမှတ်စဉ်(၁/၂ဝ၂၅) သင်တန်းဖွင့်ပွဲကို စုပေါင်းရုံး အစည်းအဝေးခန်းမတွင် ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။

ပေါင်းတည်၌ အငြိမ်းစားဝန်ထမ်းများအားပင်စင်လစာငွေများ ထုတ်ပေးခြင်းနှင့် ကျန်းမာရေးစောင့်ရှောက်ပေးခြင်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများ၏ ဇွန်လပင်စင်လစာငွေများကို မြန်မာ့စီးပွားရေးဘဏ်တွင် ယနေ့နံနက် ၆ နာရီမှစတင်၍ ပုံမှန်ထုတ်ပေးခဲ့သည်။

သရက်ချောင်းမြို့နယ်၌ အမျိုးသမီးကော်မတီအစည်းအဝေးကျင်းပ

တနင်္သာရီကြီးဒေသကြီး ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်၌ အမျိုးသမီးများ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပျက် ဆက်လက်ဆောင်ရွက်နိုင်ရန်အတွက် အမျိုးသမီးကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀နာရီက သရက်ချောင်းမြို့၊ မြို့နယ် လူမှုဝန်ထမ်းဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။

သထုံမြို့၊ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းသားကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး ဗလငါးတန်ဖွံ့ဖြိုးရေး လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့မွန်းလွဲပိုင်းက သိမ်ကုန်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်း ဉာဏ်ဝေယံခန်းမ၌ ကျင်းပပြုလုပ်သည်။

မြဝတီမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲ၊ ပြိုင်ပွဲကျင်းပ

ကရင်ပြည်နယ် မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီး ဌာနတို့ပူးပေါင်း၍ ဇွန် ၂၃ ရက် နံနက် ၁၀ နာရီက အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဉာဏ်စမ်းပဟေဠိပြိုင်ပွဲကို လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့ အကြိုစာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသူများအား ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ မြန်မာအမျိုးသမီးများနေ့အကြို စာစီစာကုံးပြိုင်ပွဲတွင် ဆုရရှိသော ကျောင်းသူများအား ဆုချီးမြှင့်ပေးအပ်ပွဲအခမ်းအနားကို ယနေ့နံနက် (၁၀) နာရီအချိန်က မြို့နယ်အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန မော်ဧရာခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် မုံရွာခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ပဲများပေးအပ်ခြင်းအခမ်းအနား တက်ရောက်

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီ၊ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီး သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာနတို့မှ မုံရွာခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများအား ထောက်ပံ့ငွေနှင့် အခြေခံစားသောက်ကုန် ဆန်၊ ဆီ၊ ဆား၊ ပဲများပေးအပ်ခြင်းအခမ်းအနားကို ဇွန်လ ၂၄ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့၊ မုံရွာခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးရှိ မြသလ္လာခန်းမတွင် ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ မုံရွာခရိုင်အတွင်းရှိ ယာယီနေရပ်စွန့်ခွာပြည်သူများ တက်ရောက်ကြသည်။

ပျဉ်းမနားမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ပျဉ်းမနားမြို့၊ မင်္လာဇေယျုံ အခြေခံပညာအလယ်တန်းကျောင်း၌ ကျင်းပခဲ့သည်။
Subscribe to