မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

ရှမ်းပြည်နယ် “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ပန်းချီ၊ ကာတွန်း၊ ပိုစတာနှင့် စာစီစာကုံးပြိုင်ပွဲကို ယမန်နေ့က မက်မန်းမြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလိန်အောင်မြို့၌ (၆) ကြိမ်မြောက် ကိုဗစ်-၁၉ ကာကွယ် ဆေးထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်ခရိုင် ကလိန်အောင်မြို့ အမှတ်(၃)ရပ်ကွက်၌ ဇွန် ၂၄ ရက် နံနက် ၉ နာရီက (၆)ကြိမ်မြောက် COVID-19 ရောဂါကာကွယ် ဆေးထိုးနှံပေးကြောင်း သိရသည်။

အုတ်တွင်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ် ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကုသရေးဦးစီးဌာနမှူး၏ စီစဥ်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက မြို့နယ်ပြည်သူ့ဆေးရုံကြီး၌ ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်ပေးလျက်ရှိသည်။

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးကျော်မင်းခိုင် မန္တလေးမြို့ရှိ ဗန်းမော်နေရပ်စွန့်ခွာဝန်ထမ်းများနှင့်ပြည်သူများအား ထောက်ပံ့ငွေများ ပေးအပ်

ကချင်ပြည်နယ်၊ ဗန်းမော်နေရပ်စွန့်ခွာဝန်ထမ်းများနှင့် ပြည်သူများအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ဇွန်လ ၂၄ ရက်နေ့ နံနက် ၁၀ နာရီက မန္တလေးတိုင်းဒေသကြီး၊ ချမ်းအေးသာစံမြို့နယ်၊ ဂွေးချိုတိုက်၊ ရန်ကုန်အုတ်ကျောင်းတွင် ကျင်းပသည်။

မုဒုံမြို့၌ ကျောင်းကျန်းမာရေး အသိပညာပေးဟောပြောပွဲနှင့် သွားခံတွင်းစစ်ဆေး ပေးခြင်းဆောင်ရွက်

မွန်ပြည်နယ် မုဒုံမြို့နယ်တွင် ကျောင်းကျန်းမာရေးအသိပညာပေး ဟောပြောပွဲနှင့် ကျောင်းသား/သူများအား သွားခံတွင်းစစ်ဆေးပေးခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီက အခြေခံပညာမူလတန်း (မုဒုံကြီး) စာသင်ကျောင်း၌ ပြုလုပ်သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို ဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၅)သို့တက်ရောက်

တနင်္သာရီတိုင်းဒေသကြီးဒေသဆိုင်ရာ ခရီးသွားလုပ်ငန်းကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၃/၂၀၂၅)ကို ယမန်နေ့မွန်းလွဲ ၁ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးအစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်တွင် သင်းတွဲစိုက်ပျိုးရေးရှေ့တန်းစခန်းတွင် နွေသီးနှံမျိုးစုံ ၁၀၄၀၃ ဧက စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ရေရရှိရေးနည်းလမ်းများ အလိုက် ၂၀၂၄-၂၀၂၅ခုနှစ် နွေသီးနှံမျိုးစုံ ၅၂၅၃၄ဧက စိုက်ပျိုးခဲ့ပြီး သင်းတွဲစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် ၁၀၄၀၃ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သာကေတမြို့နယ်တွင် မြန်မာဂီတနေ့အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ဂီတအစည်းအရုံးမှ ဦးဆောင်၍ ဇွန် ၂၇ ရက်တွင် ကျရောက်မည့် မြန်မာဂီတနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာဂီတနေ့ အခမ်းအနားကို ဇွန် ၂၂ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီထိ သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီး (၁ / အနော်မာကန်ရှေ့) ရှိ ပါကြီးစားတော်ဆက်၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးမြင့်အောင်၊ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ သာကေတမြို့နယ် ဂီတအစည်းအရုံးဝင်များ၊ မြို့နယ်အသီးသီးရှိ ဂီတအစည်းအရုံးဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

တံတားမြို့အတွင်းရှိ ဇီးဖြူပင်ကျေးရွာသို့ တိုင်းရင်းဆေးကုဌာနမှ ရာသီတုပ်ကွေးရောဂါအကြောင်းသိကောင်းစရာ ကျန်မာရေးဟောပြောပွဲနှင့် ဆေးကုသမှုကွင်း‌ဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိ ဇီးဖြူပင်ကျေးရွာ၊ ဘုန်းကြီး‌ကျောင်းဓမ္မာရုံတွင် တိုင်းရင်းဆေးကုဌာနမှ ရာသီတုပ်ကွေးရောဂါအကြောင်းသိကောင်းစရာ ကျန်းမာရေးဟောပြောပွဲနှင့် ဆေးကုသမှုကွင်း‌ဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈) နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိတ္ထီလာခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂ဝ၂၅) ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂ဝ၂၅) ကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။
Subscribe to