ညောင်ဦးမြို့နယ် ပရိယတ္တိစာသင်တိုက်များအား ဆွမ်းဆန်တော်၊ ဆီ၊ ပဲ နှင့် ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်း 

ညောင်ဦး ဇွန် ၂၄

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ်ရှိ ပရိယတ္တိစာသင်တိုက်များအား ဆွမ်းဆန်တော်၊ မြေပဲဆီ၊ ပဲနီပြားလှူဒါန်းပွဲနှင့်ဝါဆို သင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပနိုင်ရေးလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဇွန် ၂၄ ရက် နံနက် ၉ နာရီက ညောင်ဦးခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ခရိုင်အစည်းအဝေးခန်းမတွင် ကျင်းပသည်။

အစည်းအဝေးတွင် ဝါဆိုသင်္ကန်းဆက်ကပ်ပွဲ ကျင်းပရေးကော်မတီ ဥက္ကဋ္ဌ ဦးကျော်မင်းညိုက  အမှာစကားပြောကြားပြီး၊ ဘဏ္ဍာငွေရှာဖွေရေးကော်မတီအတွင်းရေးမှူး ဦးဝင်းလှိုင်တင့်က   ရှင်းလင်းဆွေးနွေးတင်ပြသည်။ ဆက်လက်၍ တွဲဖက်အတွင်းရေးမှူး ဦးနေလင်းသိန်းက  ပင့်ဖိတ်မည့်သံဃာတော်အရှင်သူမြတ်များစာရင်းနှင့် ပရိယတ္တိစာသင်တိုက်ပြီးများစာရင်း တို့ကို ရှင်းလင်းဆွေးနွေးတင်ပြသည်။ ထို့နောက် တက်ရောက်လာသည့် ဆပ်ကော်မတီများမှ တင်ပြဆွေးနွေးကြရာ  ဆွေးနွေးချက်များအပေါ် ဝါဆိုသင်္ကန်းဆက်ကပ်ပွဲကျင်းပရေးကော်မတီ ဥက္ကဋ္ဌက ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်းသိရသည်။   

ဒီပါလင်း