ကျောက်ဆည်မြို့နယ်တွင် သင်းတွဲစိုက်ပျိုးရေးရှေ့တန်းစခန်းတွင် နွေသီးနှံမျိုးစုံ ၁၀၄၀၃ ဧက စိုက်ပျိုး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ကျောက်ဆည်မြို့နယ်တွင် ရေရရှိရေးနည်းလမ်းများ အလိုက် ၂၀၂၄-၂၀၂၅ခုနှစ် နွေသီးနှံမျိုးစုံ ၅၂၅၃၄ဧက စိုက်ပျိုးခဲ့ပြီး သင်းတွဲစိုက်ပျိုးရေးနည်းပညာပေး ရှေ့တန်းစခန်းတွင် ၁၀၄၀၃ဧက စိုက်ပျိုးခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

သာကေတမြို့နယ်တွင် မြန်မာဂီတနေ့အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ် ဂီတအစည်းအရုံးမှ ဦးဆောင်၍ ဇွန် ၂၇ ရက်တွင် ကျရောက်မည့် မြန်မာဂီတနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မြန်မာဂီတနေ့ အခမ်းအနားကို ဇွန် ၂၂ ရက် နံနက် ၁၀ နာရီမှ မွန်းလွဲ ၁ နာရီထိ သာကေတမြို့နယ် ဧရာဝဏ်လမ်းမကြီး (၁ / အနော်မာကန်ရှေ့) ရှိ ပါကြီးစားတော်ဆက်၌ ကျင်းပပြုလုပ်ရာ မြန်မာနိုင်ငံဂီတအစည်းအရုံး (ဗဟို) ဥက္ကဋ္ဌ ဦးလွင်မြင့်၊ ဒုတိယဥက္ကဋ္ဌ ဦးမြင့်အောင်၊ သာကေတမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ သာကေတမြို့နယ် ဂီတအစည်းအရုံးဝင်များ၊ မြို့နယ်အသီးသီးရှိ ဂီတအစည်းအရုံးဝင်များ၊ ဖိတ်ကြားထားသူများ တက်ရောက်ခဲ့ကြသည်။

တံတားမြို့အတွင်းရှိ ဇီးဖြူပင်ကျေးရွာသို့ တိုင်းရင်းဆေးကုဌာနမှ ရာသီတုပ်ကွေးရောဂါအကြောင်းသိကောင်းစရာ ကျန်မာရေးဟောပြောပွဲနှင့် ဆေးကုသမှုကွင်း‌ဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့အတွင်းရှိ ဇီးဖြူပင်ကျေးရွာ၊ ဘုန်းကြီး‌ကျောင်းဓမ္မာရုံတွင် တိုင်းရင်းဆေးကုဌာနမှ ရာသီတုပ်ကွေးရောဂါအကြောင်းသိကောင်းစရာ ကျန်းမာရေးဟောပြောပွဲနှင့် ဆေးကုသမှုကွင်း‌ဆင်းဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက်(၈) နာရီအချိန်က ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မိတ္ထီလာခရိုင်အမျိုးသမီးကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေး(၁/၂ဝ၂၅) ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာခရိုင် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂ဝ၂၅) ကို ယမန်နေ့နံနက် ၁ဝ နာရီအချိန်က ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားတက်ရောက်

ရခိုင်ပြည်နယ် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ဖွင့်လှစ်သည့် လူသုံးကုန် ထုတ်လုပ်မှု နည်းပညာသင်တန်းဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက စစ်တွေမြို့ ခိုင်သဇင်ခန်းမ၌ ကျင်းပရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းနှင့် ပြည်နယ်တရားလွှတ်တော်တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ သဘာဝဘေးအသိပညာပေး(Talk Show)ပြုလုပ်

ဖျာပုံခရိုင်ရုံး Community Centre ခန်းမ၌ သဘာဝဘေးအသိပညာပေး(Talk Show)ပြုလုပ် ဖျာပုံ ဇွန် ၂၄ အောင်ဝင်းနိုင်

ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ လျှော်ဖြူ ၂၅၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ပွင့်ဖြူမြို့နယ်တွင် ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီ၌ လျှော်ဖြူ ၂၅၇ ဧက စိုက်ပျိုးပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲနှင့် ပြပွဲများပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်ခဲ့သည်။

တပ်ကုန်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်တပ်ကုန်းမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းက ဗိုလ်မင်းရောင်ရပ်ကွက်၊ ဗိုလ်မင်းရောင်အခြေခံပညာအထက်တန်းကျောင်း(ခွဲ)ဝင်းတွင် ကျင်းပခဲ့သည်။

ပေါင်မြို့နယ်၌ စျေးကွက်အတွင်း "Signal သွားတိုက်ဆေးအတု" များရောင်းချခြင်းရှိ/မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများဆောင်ရွက်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌  စျေးကွက်အတွင်း " Signal သွားတိုက်ဆေးအတု" များရောင်းချခြင်းရှိ/မရှိ စျေးကွက် စောင့်ကြည့်စစ်ဆေးခြင်းများကို ယမန်နေ့ နံနက်(၁၀)နာရီက ပေါင်မြို့နယ် စားသုံးသူရေးရာဦးစီးဌာနနှင့် သက်ဆိုင်ရာတာဝန်ရှိသူ အသီးသီးတို့က  မြို့ပေါ်ရပ်ကွက်(၄)ခု၌ ဆောင်ရွက်ခဲ့သည်။
Subscribe to