မင်းလှမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင် စိုက်ပျိုးပွဲတော်ကျင်းပ

မင်းလှ ဇွန် ၂၄

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယနေ့နံနက် ၈ နာရီက ဘောလုံးကွင်း တောင်ဘက် အနော်ရထာလမ်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

မင်းလှမြို့နယ် သစ်တောဦးစီးဌာနအနေဖြင့် သစ်တောသစ်ပင်များ ထိန်းသိမ်းခြင်း၊ သစ်တောစိုက်ခင်းများ ထူထောင်ခြင်းတို့ဖြင့် သဘာဝပတ်ဝန်းကျင် စိမ်းလန်းစိုပြည်ရေး၊ ဒေသရာသီဥတုမျှတ ကောင်းမွန်စေရန်အတွက် သစ်ပင်သစ်တောစိုက်ပျိုးပြုစုထိန်းသိမ်းရေးတွင် ပိုမိုတက်ကြွစွာပူးပေါင်း ပါဝင်စေရေးတို့ကို ရည်ရွယ်၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတွင်  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးသန်းထွန်းအောင်နှင့်အဖွဲ့ဝင်များ၊ သစ်တောဦးစီးဌာနမှ ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် အမျိုးသမီးရေးရာအဖွဲ့ဝင်များက မယ်ဇယ်၊ သပြေဘူတ၊ သစ်ပိတောက်၊ ကျွန်း စသည့် သစ်ပင် (၈၀) ခန့်စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ဝင်းမြတ်(အထက်မင်းလှ)