မိုင်းဖြတ်မြို့နယ်၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်ခရိုင်၊ မိုင်းဖြတ်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို အသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

ခရမ်းမြို့နယ်တွင် ခုခံအားကျကူးစက်ရောဂါကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းစဥ်များအကြောင်း အသိပညာပေးဟောပြောပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်တွင် ခုခံအားကျကူးစက်ရောဂါကာကွယ်ရေးနှင့် တိုက်ဖျက်ရေးလုပ်ငန်းစဥ်များအကြောင်း အသိပညာပေးဟောပြောပွဲကို ယမန်နေ့ နံနက် ၁၀ နာရီက ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင်  ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် ပန်းချီပြိုင်ပွဲနှင့် စာဖတ်စွမ်းရည်ပြိုင်ပွဲများကိုယနေ့ မွန်းလွဲ (၁)နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ဟင်္သာတမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များကို သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ်၌ ဆောင်ရွက်ခဲ့ကြသည်။

ထန်းတပင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပြုလုပ်

ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် ထန်းတပင်မြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနမှူး၏ စီစဥ်မှုဖြင့် ယမန်နေ့ နံနက် ၈ နာရီအချိန်က မြို့နယ်ပြည်သူ့ဆေးရုံဝင်းအတွင်းရှိ လူနာစောင့်များ နားနေဆောင်တွင် ကျန်းမာရေးစောင့်ရှောက်မှု ပြုလုပ်ပေးလျက်ရှိသည်။

ဟင်္သာတမြို့တွင် ၂၀၂၅ ခုနှစ်၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဥာဏ်စမ်းပဟေဠိပြိုင်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center) ခန်းမတွင် ဇွန်လ ၂၆ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဥာဏ်စမ်းပဟေဠိပြိုင်ပွဲကို ယနေ့မနက်ပိုင်းကကျင်းပခဲ့သည်။ ရှေးဦးစွာ ခရိုင်ပြန်ဆက်ဦးစီးမှူး ဒေါ်ခင်စန္ဒာဆွေက ပြိုင်ပွဲကျင်းပရသည့် ရည်ရွယ်ချက်နှင့် ပြိုင်ပွဲစည်းကမ်းများ၊ အမှတ်ပေးစည်းမျဥ်းများကို ရှင်းပြပါသည်။ ထို့နောက် ပြိုင်ပွဲဝင်ကျောင်းသား၊ ကျောင်းသူများအား အုပ်စုအလိုက်ဖွဲ့စည်းစေပြီး ဂိမ်းကစားနည်းပုံစံဖြင့် တစ်ဦးချင်းမေးခွန်းများမေးမြန်းခြင်း၊ ပြန်လည်ဖြေကြားခြင်း၊ အုပ်စုလိုက်ခေါင်းစဥ်ပါ အကြောင်းအရာများဖြင့် အဖွဲ့လိုက် ပါဝင်ဆွေးနွေးစေခြင်းတို့ကို ပြုလုပ်ပေးခဲ့ပါသည်။

အင်္ဂပူမြို့နယ်တွင် အခွန်ဆိုင်ရာကိစ္စရပ်များအသိပညာ‌ပေးဆွေးနွေးပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ် ပြည်တွင်းအခွန်ဦးစီးဌာနရုံးတွင် ယမန်‌နေ့နံနက်ပိုင်းက အခွန်ဆိုင်ရာကိစ္စရပ်များအသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ခြင်း (ဒုတိယနေ့) အခမ်းအနားတက်ရောက်

နိုင်ငံ့တာဝန်များအား တစ်ထောင့်တစ်နေရာမှ တာဝန်ထမ်းဆောင်ခဲ့ကြသည့် ဌာနဆိုင်ရာအသီးသီးမှ အငြိမ်းစားဝန်ထမ်းများ ကျန်းမာသန်စွမ်းစွာဖြင့် နေထိုင်သွားလာနိုင်ရေးနှင့် စားသောက်ရေးများအဆင်ပြေစေရန်အတွက်ရည်ရွယ်၍ စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့မှ တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများအား ကျန်းမာရေးစစ်ဆေးပေးခြင်းနှင့် အခြေခံစားသောက်ကုန်များပေးအပ်ခြင်း (ဒုတိယနေ့) အခမ်းအနားကို ဇွန်လ ၂၄ ရက်၊ နံနက်ပိုင်းတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ရှိ ချင်းတွင်းခန်းမတွင်ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးမှ အရာထမ်း/အမှုထမ်းနှင့် တိုင်းဒေသကြီးအတွင်းရှိ အငြိမ်းစားဝန်ထမ်းများ တက်ရောက်ကြသည်။

ကန်ကြီးထောင့်မြို့နယ်ရှိ စက်သုံးဆီအရောင်းဆိုင်များအား တာဝန်ရှိသူများမှ ကွင်းဆင်းစစ်ဆေး

 ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် မြို့နယ်တရားမဝင် စက်သုံးဆီအရောင်းဆိုင်များ တားဆီးစစ်ဆေးရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခြင်းကို ယနေ့ နံနက်ပိုင်းက ဆောင်ရွက်ခဲ့ကြသည်။

ရွှေသောင်ယံမြို့တွင် အမှိုက်(၄)မျိုး ခွဲခြားစွန့်ပစ်မှုအသိပညာပေးသရုပ်ပြပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ရွှေသောင်ယံမြို့ အ.ထ.က(ရွှေသောင်ယံ) စာသင်ကျောင်းတွင် ယနေ့နံနက်(၁၀)နာရီက အမှိုက်(၄)မျိုးခွဲခြားစွန့်ပစ်မှုသရုပ်ပြပွဲကို မြို့အဆင့်ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသူ၊ ကျောင်းသားများနှင့် ဆောင်ရွက်ခဲ့ကြသည်။
Subscribe to