ရေးမြို့နယ်၌  ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး  Pfizer   ထပ်ဆောင်ထိုးနှံပေး

မွန်ပြည်နယ်၊ ရေးမြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဌာနဆိုင်ရာဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ရောဂါ ကြိုတင်ကာကွယ်နိုင်ရန် ကာကွယ်ဆေးများကို အကြိမ်ပြည့်ထိုးနှံပေးခြင်းနှင့် ထပ်ဆောင်းထိုးနှံပေးခြင်းကို ဇွန် ၁၂ ရက်မှစတင်ခဲ့ရာ ယမန်နေ့တွင် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ Pfizer ကာကွယ်ဆေး ဆက်လက်ထိုးနှံပေးခဲ့ကြောင်း သိရသည်။

တောင်ကြီးမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေနုတ်မြောင်းနှင့် ချောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် သက်ဆိုင်ရာဌာနများမှ ရှင်းလင်းတင်ပြ

တောင်ကြီးမြို့ သန့်ရှင်းသာယာလှပရေးနှင့် ရေနုတ်မြောင်းနှင့် ချောင်းများရေစီးရေလာကောင်းမွန်ရေးအတွက် ယမန်နေ့ ညနေ(၃)နာရီအချိန်တွင် ပြည်နယ်စည်ပင်သာယာရေးဌာနနှင့် ပြည်နယ်လမ်းဦးစီးဌာနတို့မှ ရှမ်းပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ လာရောက်ရှင်းလင်းတင်ပြခဲ့သည်။

မိုးညှင်းမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် စာစီစာကုံး၊ ပန်းချီ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ကချင်ပြည်နယ် မိုးညှင်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အဖြစ် စာစီစာကုံး၊ ပန်းချီ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြပွဲများကို ယနေ့နံနက်(၁၀)နာရီက လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပသည်။

အလုံမြို့နယ်၌ ပင်စင်စားမိဘပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

အလုံမြို့နယ်၌ ပင်စင်စားမိဘပြည်သူများအား တိုင်းရင်းဆေးဖြင့် ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း လုပ်ငန်းများကို ယမန်နေ့ နံနက်ပိုင်းက မြန်မာ့စီးပွားရေးဘဏ် ကြည့်မြင်တိုင်ဘဏ်ခွဲသို့ ကွင်းဆင်း၍ ဆောင်ရွက်ပေးခဲ့သည်။

လူငယ်နှင့် စကားကြီးဆယ်ခွန်းအကြောင်း အသိပညာပေး (Talk Show)

လူငယ်နှင့် စကားကြီးဆယ်ခွန်းအကြောင်း အသိပညာပေး (Talk Show) ကြံခင်း ဇွန် ၂၄ ဖြိုးဝေလင်း(ပြန်/ဆက်)

ရန်ကင်းမြို့နယ်မဂ္ဂဇင်း ၂၀၂၅ ခုနှစ် စာအုပ်မိတ်ဆက်ပွဲအခမ်းအနား ပြုလုပ်

ရန်ကင်းမြို့နယ်မဂ္ဂဇင်း ၂၀၂၅ ခုနှစ် စာအုပ်မိတ်ဆက်ပွဲကို ဇွန် ၂၁ ရက် နံနက် ၉ နာရီက ရန်ကင်းမြို့နယ် အမှတ် ၄ ရပ်ကွက် ရန်နိုင်လမ်းသွယ် ၇ ရှိ ရန်ကင်းမြို့မစာကြည့်တိုက်၌ကျင်းပရာ ရန်ကင်းမြို့နယ် မြို့နယ်အုပ်ချုပ်ရေးမှူး၊ ရန်ကင်းမြို့နယ်စာရေးဆရာအသင်း အလုပ်အမှုဆောင်အဖွဲ့၊ ရန်ကင်းမြို့နယ်မဂ္ဂဇင်း နာယကအဖွဲ့၊ စာတည်းမှူးချူပ်၊ စာတည်းအဖွဲ့ဝင်များနှင့် အဆိုပါမဂ္ဂဇင်းတွင် ပါဝင်ရေးသားကြသည့် စာရေးဆရာ၊ စာရေးဆရာမများ တက်ရောက်ခဲ့ကြသည်။

ဆိပ်ဖြူမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၅ ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောခြင်းနှင့် စာဖတ်ရှိန်မြင့်မားရေးအသိပညာပေးလုပ်ငန်းကို ယနေ့နံနက် ၉ နာရီက ဆိပ်ဖြူ(အ.ထ.က)ကျောင်း၌ ကျင်းပသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို စံပြကျေးရွာများအား သွင်းအားစုများပေးအပ်ခြင်း၊ လက်ဆွဲမျိုးစေ့ချ ကိရိယာများနှင့် ကိုကိုး၊ ကော်ဖီပျိုးပင်များ အခမဲ့ပေးအပ်ပွဲအခမ်းအနားသို့ တက်ရောက်

၂ဝ၂၅-၂ဝ၂၆ ဘဏ္ဍာရေးနှစ်၊ ထားဝယ်ခရိုင်အတွင်း မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာများအား သွင်းအားစုများ၊ ကိုကိုး၊ ကော်ဖီပျိုးပင်များ ပေးအပ်ခြင်းနှင့် လက်ဆွဲမျိုးစေ့ချ ကိရိယာများ ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၈ နာရီက တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့၊ မြို့တော်ခန်းမ၌ ကျင်းပခဲ့သည်။

မိတ္ထီလာမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပွဲပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ မိတ္ထီလာမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ကျပန်းစကားပြောပွဲပြိုင်ကို ဇွန်လ ၂၄ ရက်နေ့ နံနက် ၉ နာရီအချိန်က ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြု ဗဟိုဌာနတွင် ကျင်းပခဲ့ကြောင်း သိရသည်။

ရေတာရှည်မြို့နယ်၌ အငြိမ်းစားဝန်ထမ်းများအား ပင်စင်လစာထုတ်ပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးခြင်း ပြုလုပ်

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် မြန်မာ့စီးပွါးရေးဘဏ်၌ ယမန်နေ့ နံနက်ပိုင်းက အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများကို ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to