မြန်အောင်မြို့နယ်တွင် အခွန်ဆိုင်ရာများ အသိပညာ‌ပေးဆွေးနွေးပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

သာယာဝတီ၌ အမှိုက်ခွဲခြားစွန့်ပစ်မှု အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့‌ကျင့်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အမှိုက်ခွဲခြားစွန့်ပစ်မှု အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့‌ကျင့်ခြင်းကို အ.ထ.က(၁)သာယာဝတီကျောင်းနှင့် အ.ထ.က သုံးဆယ်ကျောင်းတို့တွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။

ပဲခူးမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များဖြန့်ဝေ

၂၀၂၅ ခုနှစ် ဇွန်လ ၂၆ ရက်နေ့တွင်ရောက်ရှိမည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်သတင်းစကားလက်ကမ်း စာစောင်များကို ယမန်နေ့ ညနေပိုင်းက ပဲခူးခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများမှ ပဲခူးမြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ သွားရောက်ဖြန့်ဝေပေးခဲ့ကြသည်။

မိုင်းဆတ်မြို့၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့်စာအုပ်ပြပွဲကျင်းပ

၂၀၂၅ ခုနှစ်၊ ဇွန်လ ၂၆ ရက်နေ့တွင်ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့အထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ယနေ့ နေ့လယ် ၁၂ နာရီခွဲက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကွန်ဟိန်းမြို့၌ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်အကြောင်း အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲအား ယနေ့ နံနက် (၉) နာရီခွဲက အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကို အမှိုက်အမျိုးအစားခွဲခြား စွန့်ပစ်စေရေးအသိပညာပေး  သရုပ်ပြပွဲ အခမ်းအနားတက်ရောက်

တနင်္သာရီတိုင်းဒေသကြီး ထားဝယ်မြို့၊ အမှတ်(၃)အခြေခံပညာ အထက်တန်းကျောင်း ပညာ့ဗိမာန်ခန်းမ၌ အမှိုက်အမျိုးအစားခွဲခြား စွန့်ပစ်စေရေး အသိပညာပေးဟောပြောပွဲနှင့် သရုပ်ပြပွဲ အခမ်းအနားကို ယနေ့နံနက် ၉ နာရီ က ကျင်းပရာ တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကိုက တနင်္သာရီ တိုင်းဒေသကြီးအနေဖြင့် သန့်ရှင်းသောမြို့ဆုကို ရရှိထားကြောင်း၊ အမှိုက်များကို သိမ်းဆည်းသည့် နေရာတွင် တစ်ဦးတစ်ယောက်ချင်းမဟုတ်ဘဲ အစုအဖွဲ့လိုက်ဖြင့် ခွဲခြားစုထားသော အမှိုက်များအား စနစ် တကျဖြင့် စွန့်ပစ်ပေးရန် လိုအပ်ပြီး သက်မဲ့ပစ္စည်းများကို စွန့်ပစ်သည့်နေရာများတွင်လည်း သတ်မှတ် ထားသောနေရာများ၌ သေချာစွာစွန့်ပစ်ရန်လိုအပ်ကြောင်းပြောကြားသည်။

ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပါဝင်မှုဖြင့် ပြည်မြို့ (ရွှေတံခါး) အ.ထ.က၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဦးဆောင်၍ မီးသတ်ဦးစီးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ကျန်းမာ‌ရေးဌာနနှင့် အခြေခံပညာဦးစီးဌာန ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ ပူးပေါင်းပါဝင်မှုဖြင့် ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့ (ရွှေတံခါး) အခြေခံပညာအထက်တန်းကျောင်း၌ သဘာဝဘေးအသိပညာပေးဟောပြောပွဲနှင့် ငလျင်ဘေးသဏ္ဍာန်တူဇာတ်တိုက်လေ့ကျင့်မှု ဆောင်ရွက်ကြသည်။

နမ့်စန်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီနှင့် ဉာဏ်စွမ်းရည်ပြိုင်ပွဲများကျင်းပ၍ ဆုများချီးမြှင့်

ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့၊ မြို့နယ် Book Club အသင်း၊ မိုးရိပ်ရှမ်းတောင်၊ တောင်တန်း လူငယ်နှင့် ကရုဏာရှင်လူမှုကူညီရေးအသင်းများနှင့် မြန်မာနိုင်ငံမူးယစ်ဆေးဝါးဆန့်ကျင်ရေးအသင်း(MANA)(နမ့်စန်မြို့)တို့ ပူးပေါင်းဆောင်ရွက်သော အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါး အလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီနှင့်ဉာဏ်စွမ်းရည်ပြိုင်ပွဲကို ယနေ့နံနက် ၉ နာရီခွဲက မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ကျင်းပခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့နယ်၌ မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာ အကျိုးဆောင်တောင်သူများအား သွင်းအားစုများနှင့်ကော်ဖီ၊ ကိုကိုးပျိုးပင်များ ထောက်ပံ့ပေးအပ်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာ အကျိုးဆောင်တောင်သူများအား သွင်းအားစုများနှင့်ကော်ဖီ၊ ကိုကိုးပျိုးပင်များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇလွန်မြို့နယ်၊ အ.ထ.က(၂) မြို့မကျောင်းတွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အကြိုအသိပညာပေး ဟောပြောပွဲကို ယမန်နေ့နံနက် ၁၁ နာရီတွင် အ.ထ.က(၂) မြို့မကျောင်းတွင် ကျောင်းသား၊ ကျောင်းသူများအား မူးယစ်ဆေးဝါးအန္တရာယ်နှင့်ပတ်သက်၍ သိရှိစေရန် ရည်ရွယ်၍ ပြန်ကြားရေး နှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဥပဒေရုံး၊ မြို့နယ်ရဲတပ်ဖွဲ့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနတို့ ပူးပေါင်း၍ အသိပညာပေး ဟောပြောပွဲပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to