အမှိုက်စို၊ အမှိုက်ခြောက်၊ ဘေးအန္တရာယ်ရှိ အမှိုက်၊ ပလတ်စတစ် အမှိုက်များ ခွဲခြားစွန့်ပစ်နိုင်ရန် ကျပ် (၁၉၂)သိန်း တန်ဖိုးရှိ ၁၂၀ လီတာဆံ့ ပလတ်စတစ်အမှိုက်ပုံး အစုံ ၃၀ (၁၂၀ လုံး) ပေးအပ်လှူဒါန်း

မန္တလေးမြို့တော်ကြီးအား သန့်ရှင်းသာယာလှပသော မြို့တော်၊ စိမ်းလန်းစိုပြည်သောမြို့တော်ဖြစ်ရေးအတွက် ပြည်သူလူထုက ပါဝင်ပူးပေါင်းဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက မန္တလေးကုန်တင်ရေယာဉ်ပိုင်ရှင်များအသင်းမှ မြို့တော်သန့်ရှင်းရေးလုပ်ငန်းများတွင် အထောက်အကူပြုသည့် အမှိုက်စို၊ အမှိုက်ခြောက်၊ ဘေးအန္တရာယ်ရှိ အမှိုက်၊ ပလတ်စတစ် အမှိုက်များ ခွဲခြားစွန့်ပစ်နိုင်ရန် ရည်ရွယ်၍ ပလတ်စတစ် အမှိုက်ပုံးများကို မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံးသို့ လာရောက်လှူဒါန်းခဲ့ကြောင်း သိရသည်။

ဆင်ပေါင်ဝဲမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု၊ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု၊ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောခြင်းကို ယမန်နေ့ နေ့လယ် ၂ နာရီအချိန်က အခြေခံပညာမူလတန်းလွန်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးအောင်  ၂၀၂၅ တက္ကသိုလ်ဝင်စာမေးပွဲ အဖြေလွှာများ    စာစစ်ဌာနသို့ စနစ်တကျပို့ဆောင်ပေးနေမှု ကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် သည်  တိုင်းဒေသကြီးဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူးရုံးမှ တာဝန်ရှိသူများနှင့်အတူ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ပြန်လည်ဖြေဆိုခဲ့သည့် မန္တလေးတိုင်းဒေသကြီး အတွင်းရှိ စာစစ်ဌာနအသီးသီးမှ အဖြေလွှာများကို စနစ်တကျသိမ်းဆည်း ဆောင်ရွက်ထားရှိမှုနှင့် ဇွန်၂၄ရက်နံနက်ပိုင်းက မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်တွင်   အဖြေလွှာများကို သက်ဆိုင်ရာစာစစ်ဌာနသို့ မြန်မာအမျိုးသား လေကြောင်းလိုင်းဖြင့် စနစ်တကျပို့ဆောင်နိုင်ရေး ဆောင်ရွက်နေမှုကို လိုက်လံကြည့်ရှုစစ်ဆေးသည်။

မင်းလှမြို့နယ်တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော် ကျင်းပ

မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့တွင် မြန်မာအမျိုးသမီးများနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မိုးရာသီသစ်ပင်စိုက်ပျိုးပွဲတော်ကို ယမန်နေ့နံနက် ၈ နာရီက ဘောလုံးကွင်းတောင်ဘက် အနော်ရထာလမ်း၌ ကျင်းပခဲ့သည်။

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုး လယ်ဝေးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေးနေခြင်းအား ကြည့်ရှုအားပေး

နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ခုတင်-၁၀၀ ပြည်သူ့ဆေးရုံကြီးမှ အထူးကုဆရာဝန်ကြီးများက ပင်စင်လစာ လာရောက်ထုတ်ယူကြသော အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်မှုပေး‌နေ‌မှု အ‌ခြေအ‌နေများ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ဘီးလင်းမြို့နယ်၌ ကျောင်းကြီးကြပ်အကဲဖြတ်မှတ်တမ်းများအရ ကျောင်းအဆင့်သတ်မှတ်ရန် အကဲဖြတ်လမ်းညွှန်ချက်များ ရှင်းလင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၌ ကျောင်းကြီးကြပ်အကဲဖြတ်မှတ်တမ်းများအရ ကျောင်းအဆင့်သတ်မှတ်ရန် အကဲဖြတ်လမ်းညွှန်ချက်များ ရှင်းလင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက အ.ထ.က(ဘီးလင်း)ကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပပြုလုပ်သည်။

ထန်းတပင်မြို့နယ်တွင် မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲ ကျင်းပ

သစ်တောသစ်ပင်များ၊ သစ်တောဂေဟစနစ်များ စဉ်ဆက်မပြတ်တည်တံ့ရေး၊ သက်ရှိလူသားများရဲ့ ပတ်ဝန်းကျင်တည်တံ့ကောင်းမွန်ရေး၊ သစ်တောသစ်ပင်စိုက်ပျိုးခြင်းကြောင့် စိမ်လန်းစိုပြည်ရေးကို အထောက်အကူပြုသလို သာယာလှပပြီး ရာသီဥတုပြောင်းလဲမှုကို တဖက်တလမ်းမှ ကာကွယ်နိုင်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်သစ်တောဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကို ဇွန်လ(၂၄)ရက်နေ့ နံနက်ပိုင်းက မြို့နယ်အားကစားခန်းမအနီးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေါပုံမြို့နယ်တွင် အ‌ခြေခံပညာကျောင်းများသို့ ကျောင်းကျန်းမာရေးစစ်ဆေးခြင်းနှင့် သွေးလွန်တုပ်ကွေးရောဂါ ကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ ကျန်းမာရေးနှင့် ညီညွတ်စွာနေထိုင်နိုင်ရေးနှင့် သွေးလွန်တုပ်ကွေးရောဂါမှ ကာကွယ်နိုင်ရေးတို့အတွက် မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာ၀န်ရှိသူများက ယနေ့နံနက် ၉ နာရီအချိန်က အမှတ်(၁)အ‌ခြေခံပညာအထက်တန်းကျောင်းတွင် ကျန်းမာရေးဆိုင်ရာလုပ်ငန်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြသည်။

ဘီးလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာများထုတ်ပေးခြင်းနှင့် အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်းများ ဆောင်ရွက်

န်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေး စောင့်ရှောက်ပေးခြင်းများကို ဇွန် ၂၃ ရက်နေ့မှ စတင်ကာ ဘီးလင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ကဝမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ဆက်လက်ထုတ်ချေး

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်ခွဲမှ ၂၀၂၅ ခုနှစ်၊ မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများ ထုတ်ချေးခြင်းကို ယနေ့နံနက် (၁၀)နာရီက ကဝမြို့နယ် ငါးထပ်ကြီးဘုရားရင်ပြင်ပေါ်တွင် ဆောင်ရွက်ခဲ့သည်။
Subscribe to