လှည်းကူးမြို့နယ်၌ Pfizer COVID-19 JN1 ကိုဗစ်ကာကွယ်ဆေးဆက်လက် ထိုးနှံပေး
ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ Pfizer COVID-19 JN1 ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်းကို မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးဒေါက်တာသောင်းဒန်ဦး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့မွန်းလွဲပိုင်းက ဂွေးတောက်အိုင်ကျေးရွာရှိ ပြည်သူများအား ထိုးနှံပေးလျက်ရှိသည်။