ဘုတ်ပြင်း ဇွန် ၂၄
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် မိုးစပါးပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာ အကျိုးဆောင်တောင်သူများအား သွင်းအားစုများနှင့်ကော်ဖီ၊ ကိုကိုးပျိုးပင်များ အခမဲ့ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန သပြေခန်းမ၌ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ပေးအပ်ပွဲကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ စံပြကျေးရွာနှင့်ရပ်ကွက်/ကျေးရွာများမှ တောင်သူဦးကြီးများ တက်ရောက်ခဲ့ကြသည်။
အခမ်းအနားတွင် ဘုတ်ပြင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီက အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ယင်းနောက်ဘုတ်ပြင်းမြို့နယ် စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးညွှန့်ဝင်းက ပန်းတိုင်အထွက်နှုန်းရရှိရေး စံပြကျေးရွာများအတွက် သွင်းအားစုများနှင့် မိုးစပါးစိုက် အကျိုးဆောင် တောင်သူများအတွက် မျိုးစပါးများ ပေးအပ်ရခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားခဲ့ သည်။
ထို့နောက် သွင်းအားစုများဖြစ်သော မျိုးစပါး၊ ကွန်ပေါင်းဓာတ်မြေဩဇာ၊ သဘာဝမြေဩဇာများကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက တောင်သူ(၄၅)ဦး တို့ကို စပါးစိုက်ပျိုးမြေ ၃၂၅ ဧက အတွက် မျိုးစပါး(၃၂၅)တင်း၊ ဘသာဝမြေဩဇာ ၆၅၀ အိတ်၊ ကွန်ပေါင်း ဓာတ်မြေ ဩဇာ (၁၆၂)အိတ်၊ ကိုကိုး စိုက်ဧက(၄၀)အတွက် ပျိုးပင်(၁၂၀၀၀)ပင်၊ ကော်ဖီစိုက်ဧက(၇၅)အတွက် ပျိုးပင်(၃၀၀၀၀)ပင် တို့ကို အသီးသီးပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)