သာယာဝတီ ဇွန် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် အမှိုက်ခွဲခြားစွန့်ပစ်မှု အသိပညာပေးဟောပြောခြင်းနှင့် သရုပ်ပြလေ့ကျင့်ခြင်းကို အ.ထ.က(၁)သာယာဝတီကျောင်းနှင့် အ.ထ.က သုံးဆယ်ကျောင်းတို့တွင် ယနေ့ နံနက်ပိုင်းက ဆောင်ရွက်သည်။
ထိုသို့ဆောင်ရွက်ရာတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဆန်းဟိုနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ တက်ရောက်ကြပြီး သာယာဝတီခရိုင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက အမှိုက်အမျိုးအစားလေးမျိုးဖြစ်သည့် အမှိုက်စို၊အမှိုက်ခြောက်၊ ပလတ်စတစ်အမှိုက်နှင့် ဘေးအန္တရာယ်ရှိသော အမှိုက်များကို စနစ်တကျခွဲခြားစွန်ပစ်တတ်စေရေး သရုပ်ပြဆွေးနွေးဟောပြောသည်။ အဆိုပါအသိပညာပေးဆောင်ရွက်မှုများကို ခရိုင်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနသည် ၂၀၂၅ ခုနှစ် ဇွန်လ ၁၆ ရက်နေ့မှစတင်၍ ခရိုင်အတွင်းရှိ ဌာနဆိုင်ရာရုံးများနှင့် အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။
ခရိုင် (ပြန်/ဆက်)