မြန်အောင်မြို့နယ်တွင် အခွန်ဆိုင်ရာများ အသိပညာ‌ပေးဆွေးနွေးပွဲပြုလုပ်

မြန်အောင် ဇွန် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ မြန်အောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ယနေ့နံနက်က ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ် အခွန်ပညာပေးရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်အခွန်ကောက်ခံမှု အထောက်အကူပြုအဖွဲ့ အဖွဲ့ဝင် မြန်အောင်မြို့နယ်စီမံကိန်းဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးသန်းစိုးဦးက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အခွန်ဦးစီးဌာန၊ မြို့နယ်အခွန်ဦးစီးဌာနမှူး ဒေါ်စန္ဒာက အခွန်ဆိုင်ရာတည်ဆဲဥပဒေများ၊ အခွန် အမျိုးအစားနှင့်ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာများ၊ တာဝန်ယူကောက် ခံလျက်ရှိသော အခွန်အမျိုးအစားများနှင့် တည်ဆဲအခွန်ဥပဒေအရ လိုက်နာဆောင်ရွက်ရမည့် ကိစ္စရပ်များကို ရှင်းလင်း‌ဆွေးနွေးခဲ့သည်။

ထို့နောက်တက်ရောက်လာကြသည့် အခွန်ထမ်းပြည်သူများနှင့်လုပ်ငန်းရှင်များမှ သိရှိလိုသည်များကိုမေးမြန်းခဲ့ရာ မြို့နယ်အခွန်ဦးစီးဌာနမှူးက ပြန်လည်ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါဆွေးနွေးပွဲသို့ မြို့နယ်အခွန်ဦးစီးဌာနမှူးနှင့်ဝန်ထမ်းများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အခွန်ထမ်းပြည်သူများနှင့် မြို့ပေါ်လုပ်ငန်းရှင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

ဝင်းဗိုလ်