မြဝတီမြို့ အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခွဲ၌  လူငယ်စကားဝိုင်းကျင်းပ

ကရင်ပြည်နယ်၊ မြဝတီခရိုင် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာ ဦးစီးဌာနတို့ ပူးပေါင်း၍ ကျင်းပပြုလုပ်သည့် လူငယ်စကားဝိုင်းကို ယနေ့နံနက် ၁၀ နာရီတွင် အမှတ်(၃) အခြေခံပညာအထက်တန်းကျောင်းခွဲ၌ ကျင်းပသည်။

ကန့်ဘလူမြို့နယ်၌ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ကျန်းမာရေးစမ်းသပ်ကုသပေး

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကန့်ဘလူမြို့နယ် မြန်မာ့စီးပွားရောဘဏ်ရုံး၌ ပင်စင်လာရောက်ထုတ်ယူသူ နိုင်ငံ့ဝန်ထမ်း အငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါ စစ်ဆေးပေးခြင်း၊ အခမဲ့စစ်ဆေးကုသပေးခြင်းနှင့်ကျန်းမာရေးစောင့်ရှောက်ပေးခြင်းတို့ကို ယနေ့ နံနက် ၇ နာရီခွဲက မြို့နယ်ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ၁၆ ခုတင်ဆံ့တိုင်ရင်းဆေးရုံတို့က ကျန်းမာရေးစောင့်ရှောက်ပေးရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဦးနှင့် အဖွဲ့ဝင်များက လာရောက်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

မအူပင်မြို့နယ် ရေလဲကလေးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် အသိပညာပေးဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ ရေလဲကလေး ကျေးရွာအုပ်စု၊ ရေလဲကလေးကျေးရွာ အခြေခံပညာအထက်တန်း ကျောင်း၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် အသိပညာပေး ဟောပြောပွဲအား ယနေ့နံနက်(၁၀)နာရီက အဆိုပါကျောင်းရှိ A-1ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလေးမြို့တွင် သဘာဝဘေး အသိပညာပေးဟောပြောခြင်းနှင့် ကယ်ဆယ်ရေးသဏ္ဍန်တူ သရုပ်ပြသခြင်းများဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊   ကလေးခရိုင်၊ ကလေးမြို့တွင် မီးသတ်ဦးစီးဌာနနှင့် ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ တာဝန်ရှိသူများသည် ရေဘေး၊ မီးဘေး၊ ငလျင်ဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောအသိပညာပေးဟောပြောခြင်း သဏ္ဍန်တူသရုပ်ပြသခြင်းများကို ယနေ့နံနက် ၉ နာရီခွဲအချိန်က  အမှတ်(၆) အခြခံပညာအထက်တန်းကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် အောင်ပွဲရပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းအား မြစ်ကြီးနားမြို့၌ သောင်းသောင်း ဖြဖြဂုဏ်ပြုကြိုဆို

၂၀၂၅ ခုနှစ်၊ တိုင်းဒေသကြီးနှင့် ပြည်နယ်ဂျူဒိုအားကစားပြိုင်ပွဲတွင် ရွှေတံဆိပ် (၅)ခု၊ ငွေတံဆိပ် (၂)ခုနှင့် ကြေးတံဆိပ် (၅)ခု ရရှိခဲ့သည့်အပြင် အမျိုးသမီးတံခွန်စိုက်ဆု၊ စုပေါင်းတံခွန် စိုက်ဆုနှင့် အမျိုးသမီးအကောင်းဆုံးဆုရရှိသည့် ကချင်ပြည်နယ်လက်ရွေးစင်ဂျူဒိုအသင်းသည်ယမန်နေ့ညနေပိုင်းက မြစ်ကြီးနားမြို့သို့ ပြန်လည်ရောက်ရှိလာခဲ့ကြရာ ပြည်နယ်အစိုးရအဖွဲ့နှင့် ဒေသခံများက ပြည်နယ်ဂုဏ်ဆောင် ရွှေလက်ပိုင်ရှင်များအဖြစ် သောင်းသောင်းဖြဖြဂုဏ်ပြု ကြိုဆိုခဲ့ကြကြောင်း သိရသည်။

စစ်ကိုင်းမြို့နယ်တွင် တောင်သူများအတွက် မျိုးစေ့ချကိရိယာများနှင့် စိုက်ပျိုုးရေးသွင်းအားစုများပေးအပ်

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့နယ်၊ ဆင်တပ်ကျေးရွာ၊ ဆင်မင်းလယ်ယာနှင့် အထွေထွေလုပ်ငန်းစု သမဝါယမအသင်းစုမှ အသင်းဝင်တောင်သူများအတွက် မျိုးစေ့ချကိရိယာများနှင့် စိုက်ပျိုးရေး သွင်းအားစုများ ပေးအပ်ပွဲအခမ်းအနားကို ယနေ့မွန်းလွဲ (၁)နာရီက အဆိုပါရုံးအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

သာယာဝတီမြို့တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ်အကြို ဟောပြောပွဲ၊ နံရံကပ် စာစောင်ပြပွဲနှင့် စာအုပ်စာစောင်ပြပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့တို့ပူးပေါင်း၍ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးအထိမ်းအမှတ်အကြိုဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲ နှင့် စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့၁က်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ၌ ကျင်းပခဲ့သည်။

ဟင်္သာတမြို့ အစိုးရနည်းပညာအထက်တန်းကျောင်း၌ ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့်မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ တာငါးဆယ်တောင်ရပ်ကွက်၊ ကရင်ကျောင်းလမ်းရှိ အစိုးရနည်းပညာအထက် တန်းကျောင်း(ဟင်္သာတ) ယနေ့နံနက် ၁၀ နာရီခွဲအချိန်က ယာဉ်စည်းကမ်း၊ လမ်းစည်းကမ်းနှင့် မူးယစ်ဆေးဝါးအန္တရာယ်ဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေး Pfizer (Grey Cap) Vaccine ကာကွယ် ဆေးများ ဆက်လက်ထိုးနှံ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများတစ်ဦးမှတစ်ဦး ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုမဖြစ်ပေါ်စေရေး၊ ရောဂါဖြစ်ပွားမှု ကင်းစင်စေရေးအတွက်  ဦးတည်အုပ်စုများအလိုက် ကိုဗစ်-၁၉ ကာကွယ်ဆေးများကို စဉ်ဆက်မပြတ် ထိုးနှံပေးလျက်ရှိရာ နံနက်(၈)နာရီအချိန်ကစတင်၍ မြို့နယ်ပြည်သူ့ဆေးရုံကြီး၊ မြို့နယ်မိခင်နှင့် ကလေးကျန်းမာရေး ဌာနနှင့်ကျေးရွာအုပ်စုများရှိ တိုက်နယ်ဆေးရုံများတွင် မြို့နယ်အတွင်းရှိ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးမထိုးနှံရသေးသူများ၊ ကာကွယ်ဆေးထိုးပြီး (၆)လအထက်ရှိသူများနှင့် အသက်(၁၈)နှစ်အထက်ရှိ နိုင်ငံ့ဝန်ထမ်းများနှင့်ပြည်သူများအား ကိုဗစ်-၁၉ ရောဂါ ကာကွယ် Pfizer (Grey Cap) Vaccine ကာကွယ်ဆေးများ ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို သတင်းစကား လက်ကမ်းစာစောင်ဖြန့်ဝေ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်တွင် ဇွန်လ(၂၆)ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို သတင်းစကားလက်ကမ်းစာစောင်အား ယနေ့နံနက်ပိုင်းက အ.ထ.က (ပေါက်ခေါင်း) ကျောင်၌ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
Subscribe to