ကွန်ဟိန်း ဇွန် ၂၄
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၌ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၆) ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ်အကြို ဟောပြောပွဲအား ယနေ့ နံနက် (၉) နာရီခွဲက အမှတ် (၁) အခြေခံပညာအလယ်တန်းကျောင်းတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲတွင် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ ကွန်ဟိန်းမြို့မရဲစခန်းမှူး၊ ဒုရဲမှူး ရဲထွန်းမင်းက ယာဥ်စည်းကမ်း လမ်းစည်းကမ်း ထိန်းသိမ်းရေး အသိပညာပေးဟောပြောပြီး မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ ရဲအုပ် အောင်ဇေမျိုးက မူးယစ်ဆေးဝါး အမျိုးအစား မူးယစ်ဆေးဝါးအန္တရာယ်၊ မူးယစ်ဆေးဝါးသုံးစွဲခြင်းကြောင့် ဖြစ်ပေါ်ခံစားရသည့်နောက်ဆက်တွဲ ဆိုးကျိုးများ၊ မူးယစ်ဆေးဝါးသုံးစွဲ ရောင်းဝယ်ခြင်းနှင့် ဆိုင်သောပြစ်မူပြစ်ဒဏ်များအကြောင်းနှင့် ကျောင်းသားလူငယ်များ မူးယစ်ဆေးဝါးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)