ဘီးလင်း ဇွန် ၁၇
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် စိုက်ပျိုးရေး၊ မွေးမြူ ရေး အတတ်ပညာသင် ကျောင်းသား၊ကျောင်းသူများ ရရှိရေး ဟောပြောပွဲကို ယနေ့နံနက်ပိုင်းက အ.ထ.က (ကန်သာယာ) ကျောင်း မဟော်သဓာခန်းမ၌ ကျင်းပသည်။
ဦးစွာ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်နှင့် ကျိုက်ထိုခရိုင် ပညာရေးမှူးရုံးမှ ခရိုင်ပညာရေးမှူး(တာဝန်) ဦးအောင်မြင့်ကျော်တို့က အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးဒေါက်တာဖြိုးဝင့်ကိုက အခြေခံပညာနှင့်စက်မှု၊ စိုက်ပျိုးရေး၊မွေးမြူရေး အထက်တန်းကျောင်းတွင် မွေးမြူရေးအတတ်ပညာ Grade – 10 ကျောင်းသားကျောင်းသူများ ရရှိရေးကိုလည်းကောင်း၊ ခရိုင်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးဝင်းဗိုလ်က အခြေခံပညာနှင့်စက်မှုစိုက်ပျိုးရေး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် မွေးမြူရေးအတတ်ပညာ (Grade-10) ကျောင်းသား၊ ကျောင်းသူများ ရရှိရေးကိုလည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြောင်းသိရသည်။
ဘီးလင်း(ပြန်/ဆက်)