နည်းပညာတက္ကသိုလ် (သန်လျင်) ၌ စာပေဟောပြောပွဲကျင်းပ

ရန်ကုန် ဇွန် ၁၇

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် နည်းပညာတက္ကသိုလ် (သန်လျင်) စာပေနှင့်အနုပညာအသင်းတို့ ပူးပေါင်းကျင်းပသော စာပေဟောပြောပွဲကို ယမန်နေ့ နေ့လယ် (၁၂) နာရီခွဲအချိန်က အဆိုပါတက္ကသိုလ်ရှိ ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပသည်။

ရှေးဦးစွာ နည်းပညာတက္ကသိုလ် (သန်လျင်) ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်စောမြင့်က အဖွင့်အမှာစကားပြောကြားပြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သန်လျင်ခရိုင် လက်ထောက်ညွှန်ကြားရေးမှူးဒေါ်လှပိုမိုက စာပေဟောပြောပွဲ ပူးပေါင်းဆောင်ရွက်မှုအား ရှင်းလင်းပြောကြားသည်။

ထို့နောက် စာရေးဆရာများ၏ ကိုယ်ရေးအကျဉ်းများအားဖတ်ကြားပြီး စာရေးဆရာချမ်းမြေ့ဝင်းက "ဖန်တီးနိုင်စွမ်းအကြောင်း" ဆရာမပုညခင်က "နည်းပညာနှင့်နှလုံးသား" ခေါင်းစဉ်များဖြင့် အသိပညာပေးဟောပြောခဲ့ကြသည်။

ထို့နောက် စာရေးဆရာကြီးများနှင့် တာဝန်ရှိသူများအား နည်းပညာတက္ကသိုလ် (သန်လျင်) ဒုတိယပါမောက္ခချုပ် ဒေါက်တာခင်စောမြင့်နှင့် တာဝန်ရှိသူများက အမှတ်တရဂုဏ်ပြုလက်ဆောင်များ ပေးအပ်ခဲ့ကြသည်။

ဆက်လက်၍ နည်းပညာတက္ကသိုလ် (သန်လျင်) ၌ ကျင်းပသော စာပေဟောပြောပွဲတွင် သန်လျင်ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော ဓါတ်ပုံပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့်စာအုပ်ပြပွဲများအား အခမ်းအနားတက်ရောက်လာကြသော ဧည့်သည်တော်များနှင့် ကျောင်းသားကျောင်းသူများက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ကြကြောင်း သိရသည်။

ဖြိုးသီဟ (သန်လျင်)