ရွှေတောင်မြို့နယ်၌ ကူးစက်ရောဂါ ရှာဖွေတိုက်ဖျက်ရေးလုပ်ငန်းများနှင့် အသိပညာပေးလုပ်ငန်းများဆောင်ရွက်

ရွှေတောင် ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ရွှေတောင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနသည် ရက် (၁၀၀) စီမံချက်အတွင်း ကျေးလက်နေပြည်သူလူထုအား ကူးစက်ရောဂါ ရှာဖွေတိုက်ဖျက်ရေး လုပ်ငန်းများကို ရပ်ကွက်/ ကျေးရွာများတွင် ကွင်းဆင်းဆောင်ရွက်လျက်ရှိသည်။

ထိုသို့ဆောင်ရွက်လျှက်ရှိရာ ဇွန် ၁၆ ရက်နေ့နံနက်ပိုင်းက ဝါးတောကျေးလက်ကျန်းမာရေးဌာနတွင် ပဲခူးတိုင်းတီဘီရောဂါ တိုက်ဖျက်ရေးဌာနနှင့် မြို့နယ်ပြည်သူ့ကျန်းမာရေး ဦးစီးဌာနတို့ ပူးပေါင်းပြီး တီဘီရောဂါကွင်းဆင်းရှာဖွေခြင်းနှင့် ကျန်းမာရေး အသိပညာပေးခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ လူနာ (၁၆၃) ဦးတို့အား ဒီဂျစ်တယ်ဓာတ်မှန်စက်ဖြင့် တီဘီရောဂါရှာဖွေခြင်း၊ သံသယတီဘီလူနာများ၏ သလိပ်စစ်ဆေးခြင်း၊ တီဘီရောဂါတွေ့ရှိသူများကို ဆေးကုသမှုပေးခြင်းနှင့် တီဘီလူနာနှင့်အတူနေသူများကို တီဘီကာကွယ်ဆေးတိုက်ကျွေးခြင်း လုပ်ငန်းများကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ကိုကိုမင်း(ပြန်/ဆက်)