ပေါက်ခေါင်းမြို့နယ်၌ သတင်းရေးသားနည်းသင်တန်းဖွင့်လှစ်

ပေါက်ခေါင်း ဇွန် ၁၇

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက်ပိုင်းက သတင်းရေးသားနည်းသင်တန်း ဖွင့်လှစ်ပို့ချရာ ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်ဦးစီးအရာရှိ ဒေါ်ချစ်နှင်းသုန်က  သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်း‌ပြောကြားကာ “ဘ” ခြောက်လုံးဖြင့်  အခြေခံသတင်းရေးသားနည်း၊ သတင်းဓာတ်ပုံနှင့် ကျင့်ဝတ်ဆိုင်ရာများ၊ သတင်းကောင်း တစ်ပုဒ်ရရှိစေရန် လိုက်နာဆောင်ရွက်ရမည့်အချက်များနှင့် သတိထားရမည့်အချက်များ၊ သတင်းအရင်းအမြစ်ရှာဖွေခြင်းနှင့် အချက်အလက်စုဆောင်းခြင်းများစသည်တို့ကို သင်ကြားခဲ့ပြီး အဆိုပါသင်တန်းအား ဇွန်လ ၁၇ ရက်နေ့မှ ၁၈ ရက်နေ့အထိ (၂) ရက်ကြာ သင်ကြားပို့ချ သွားမည်ဖြစ်ကြောင်း သိရသည်။

ဖုန်းကျော်ဇင်(ပြန်/ဆက်)