ခိုင်ကမ်းမြို့၌ အရပ်ရပ်အခွင့်အရေးလုပ်ငန်းလိုင်စင် ချိတ်ပိတ်တင်ဒါစနစ်ဖြင့် ရောင်းချ

ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ် အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်(ဝက်၊ အမဲနှင့် မြို့ဝင်ဘီးခွန်)အား ချိတ်ပိတ် တင်ဒါစနစ်ဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။

တံတားဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ ကုသရေးဆောင်ရွက်နေစဉ်ကာလအတွင်း ပင်စင်စားဝန်ထမ်းများအား စနစ်တကျထုတ်ပေး

ကျောက်ဆည်ခရိုင် တံတားဦးမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ကုသရေးလုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း ပင်စင်စားဝန်ထမ်းများကို ယနေ့နံနက်(၉) နာရီ အချိန်မှ စတင်ထုတ်ပေးလျက်ရှိကြောင်းသိရသည် ။

မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွားရေး ကုစားမှု (CERP) အစီအစဉ်အရ မိုးစပါး မျိုးစေ့ ထုတ်စံပြကွက်တောင်သူများအား ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(မြောက်ပိုင်)၊ မိုးမိတ်ခရိုင်၊ မဘိမ်းမြို့နယ်တွင် ကိုဗစ်-၁၉ စီးပွား‌ရေးကုစားမှု (CERP) အစီအစဉ်ဖြင့် ဆောင်ရွက်သော မိုးစပါးမျိုးစေ့ထုတ် စံပြကွက်တောင်သူများအား ထောက်ပံ့ငွေများ ပေးအပ်ခြင်း အခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က မလှိုင်ကုန်းကျေးရွာ၊ ဘုန်းတော် ကြီးကျောင်းဓမ္မာရုံ၌ ကျင်းပပြုလုပ်ခဲ့သည်။

တီးတိန်မြို့နယ်တွင် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်များ ချိတ်ပိတ်တင်ဒါ စနစ်ဖြင့် ကျင်းပ

ချင်းပြည်နယ်၊ တီးတိန်မြို့တွင် ၂၀၂၀-၂၀၂၁ခု၊ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင် (၁၁)ခုအား ချိတ်ပိတ်တင်ဒါစနစ်ဖြင့် တီးတိန်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ယနေ့နံနက် ၁၀ နာရီတွင် ကျင်းပသည်။

ရိခေါ်ဒါရ်မြို့၌ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေးလိုင်စင်များ လေလံ ရောင်းချမည်

ချင်းပြည်နယ်၊ ဖလမ်းခရိုင်၊ ရိခေါ်ဒါရ်မြို့တွင် လာမည့် ၂၀၂၀ - ၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လိုင်စင် လုပ်ငန်းသုံးမျိုးအား ယနေ့ နံနက် ၁၀ နာရီအချိန်တွင် ချိတ်ပိတ်တင်ဒါစနစ်ဖြင့် စည်ပင်သာယာရေးအဖွဲ့ရုံး၌ လေလံရောင်းချမည်ဖြစ်ကြောင်း ကြော်ငြာထားခဲ့ပြီး ဖြစ်ပါသော်လည်း အကြောင်းကြောင်း ကြောင့် အဆင်မပြေမှုများ ရှိလာပါသဖြင့် လေးလံရောင်းချမည့် သတ်မှတ်ရက်ဖြစ်သည့် ဩဂုတ် ၂၁ ရက်အစား ဩဂုတ် ၂၆ ရက် နံနက် ၁၀ နာရီအချိန်သို့ လေလံရောင်းချမည့် သတ်မှတ်ရက်ပြောင်းလဲခဲ့ကြောင်း ရိခေါ်ဒါရ်မြို့ စည်ပင်သာယာရေးအဖွဲ့ရုံးမှ သတင်းရရှိသည်။

စစ်ကိုင်းမြို့တွင် ငါး/ပုဇွန် ရေထွက်ပစ္စည်းများပြုပြင်ထုတ်လုပ်ခြင်းနှင့် အရည်အသွေးထိန်းသိမ်းခြင်း နည်းပညာသင်တန်း ဆင်းပွဲကျင်းပ

ငါးလုပ်ငန်းသင်တန်းကျောင်း (စစ်ကိုင်း) တွင် ငါး/ပုဇွန် ရေထွက်ပစ္စည်းများ ပြုပြင်ထုတ် လုပ်ခြင်းနှင့် အရည်အသွေး ထိန်းသိမ်းခြင်း နည်းပညာသင်တန်းဆင်းပွဲ အခမ်းအနားကို ယနေ့ နံနက်(၉)နာရီ က စစ်ကိုင်းမြို့ ပါရမီရပ်ကွက်ရှိ အဆိုပါ သင်တန်းကျောင်း၌ ကျင်းပခဲ့သည်။

ကာလိမြို့ ဟိုပန်ကျေးရွာ အုပ်စုအတွင်းရှိ မသန်စွမ်းသူများအား ထောက်ပံ့ငွေများပေးအပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ကာလိမြို့၊ ဟိုပန်ကျေးရွာ အုပ်စုအတွင်းရှိ မသန်စွမ်းသူများအား တစ်ယောက်လျှင် (၃)သောင်းကျပ်နှုန်းဖြင့် ငွေသားများ‌ထောက်ပံ့ပေးခြင်းကို ယနေ့ နံနက်ပိုင်းမှ ကျေးရွာ အရောက် သွားရောက်ထောက်ပံ့ပေးအပ်ခဲ့ကြောင်းသိရသည်။

နမ့်ခမ်းမြို့နယ်၌ တောင်သူများအား လယ်ယာမြေလုပ်ပိုင်ခွင့် ပုံစံ(၇)ပေးအပ်

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ နမ့်ခမ်းမြို့နယ်၊ မန့်ပုံကျေးရွာ၌ တောင်သူများအား လယ်ယာမြေ လုပ်ပိုင်ခွင့် ပုံစံ(၇)ပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့ ညနေ(၂)နာရီအချိန်က ပြုလုပ်ကျင်းပသည်။

ဘုတလင်မြို့နယ်၊ အောင်သာကျေးရွာတွင် Cash for Work စီမံကိန်းဖြင့် ကျေးရွာတွင်း ဂျင်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ ဘုတလင်မြို့နယ်၊ အောင်သာကျေးရွာတွင် Cash for Work စီမံကိန်းဖြင့် ကျေးရွာတွင်း ဂျင်းလမ်းခင်းခြင်းလုပ်ငန်း ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ ညနေပိုင်းက မြို့နယ် ကျေးလက် ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးတေဇာထွန်းနှင့် ဝန်ထမ်းများက ကွင်းဆင်း ကြီးကြပ် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟိုပုံးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စနစ်တကျ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်အခြေခံပညာ အထက်တန်း ကျောင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ် ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ အခြေအနေများကို တာဝန်ရှိ သူများက ယနေ့ နံနက် ၉နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။
Subscribe to