ခိုင်ကမ်း ဩဂုတ်လ ၂၁
ချင်းပြည်နယ် ဖလမ်းခရိုင် တီးတိန်မြို့နယ် ခိုင်ကမ်းမြို့တွင် ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်အတွက် အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်(ဝက်၊ အမဲနှင့် မြို့ဝင်ဘီးခွန်)အား ချိတ်ပိတ် တင်ဒါစနစ်ဖြင့် ယနေ့ နံနက် ၁၀ နာရီအချိန်တွင် စည်ပင်သာယာရေးအဖွဲ့ရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အရပ်ရပ်အခွင့်အရေး လုပ်ငန်းလိုင်စင်တွင် သားသတ်လုပ်ငန်းအတွက် ဝက်သားသတ်လုပ်ငန်းကို ကြမ်းခင်းဈေး ၆၀၅၀၀၀၀/- (ခြောက်ဆယ်သိန်းငါးသောင်း) သတ်မှတ်ရာမှ ၆၁၀၀၀၀၀/- (ခြောက်ဆယ့်တစ်သိန်း)ဖြင့်လည်းကောင်း၊ မြို့အဝင်ဘီးခွန်အား ကြမ်းခင်းဈေး ၁၃၂၀၀၀၀၀/- (တစ်ရာသုံးဆယ့်နှစ်သိန်း) ဖြင့် သတ်မှတ်ရာမှ ၁၃၂၅၀၀၀၀/-(တစ်ရာသုံးဆယ့်နှစ်သိန်း ငါးသောင်း)ဖြင့် ရောင်းချခဲ့ပြီး သားသတ်လိုင်စင်(အမဲ)အတွက် ဒုတိယအကြိမ် ရောင်းချနိုင်ရေး ပြန်လည်ကြေညာပေးမည် ဖြစ်ကြောင်းနှင့် အဆိုပါ လိုင်စင်မှာ ၂၀၂၁ ခုနှစ် စက်တင်ဘာလ ကုန်အထိ အကျုံးဝင်မည်ဖြစ်ကြောင်း သိရှိရသည်။
ဝုန်လွန်းညောင်(ခိုင်ကမ်း)