ပုသိမ်၌ လူကုန်ကူးမှုတားဆီးကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်ပြသခြင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်ရုံးတွင် " လူသားအချင်းချင်းစာနာလို လူကုန်ကူးမှု တိုက်ဖျက်စို့ "ဆောင်ပုဒ်နှင့်အညီ လူကုန်ကူးမှုတားဆီး ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်ကို ယ​နေ့ နံနက်ပိုင်းမှ စတင်၍ ဦးစီးဌာနရုံး​ရှေ့တွင် ပြသထားရာ ပြည်သူများ စိတ်ဝင်တစား လာရောက်ကြည့်ရှုခဲ့ကြကြောင်းသိရသည်။

နတ်တလင်းမြို့နယ်တွင် ပထမအကြိမ် အရပ်ရပ်အခွင့်အရေးလိုင်စင်များ စတင်ရောင်းချ

ပဲခူးတိုင်းဒေသကြီး၊ စည်ပင်သာယာရေးအဖွဲ့ နတ်တလင်းမြို့နယ် စည်ပင်သာယာရေးအဖွဲ့၏ ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်၏ အရပ်ရပ်အခွင့်အရေးလိုင်စင်များ ပထမအကြိမ် ရောင်းချခြင်းကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်စည်ပင်သာယာရေးရုံးတွင် ကျင်းပဆောင်ရွက်သည်။

ထီးလင်း၌ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးနိုင်ရေး စည်းကမ်းချက်များအား ရှင်းလင်း

၂၀၂၀-၂၀၂၁ ပညာသင်နှစ်၊ ကိုဗစ်-၁၉ ရောဂါ ကာကွယ်၊ ထိန်းချုပ်၊ တားဆီးရေးနှင့် ပတ်သက်၍ စာသင်ကြားမှုအခြေအနေ၊ မိဘ၊ ဆရာနှင့်ကျောင်းသား ကျောင်းသူများ လိုက်နာရမည့် စည်းကမ်းချက်များ ရှင်းလင်းခြင်းကို ယနေ့နံနက် ၉ နာရီခွဲတွင် ဂန့်ဂေါခရိုင် ထီးလင်းမြို့ အခြေခံပညာအထက်တန်းကျောင်း အောင်သပြေခန်းမ၌ ပြုလုပ်သည်။

လိပ်သိုမြို့ ကျေးရွာများ၌ ဝက်ဝမ်းကျရောဂါ ကာကွယ်ဆေးများထိုးပေး

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့၌ မွေးမြူရေးကဏ္ဍ ဖွံဖြိုးတိုးတက်စေရန်အတွက် တိရစ္ဆာန်များကို ကူးစက်ရောဂါများ မဖြစ်ပွားစေရန် ကြိုတင်ကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းများကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိကြောင်း လိပ်သိုမြို့ မွေးမြူရေးနှင့်ကုသရေးဦးစီးဌာနမှ သိရသည်။

သားအိမ်ခေါင်းကင်ဆာ ရောဂါကာကွယ်ဆေးထိုးနှံပေးရန် စာရင်းကောက်ယူလျက်ရှိ

ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့နယ် အတွင်းရှိ ရပ်ကွက်(၁၈)ခုအတွင်းရှိ အသက် (၉ )နှစ်မှ (၁၀) နှစ်ကြား မိန်းကလေးငယ်များကို သားအိမ်ခေါင်း ကင်ဆာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးနိုင်ရန် စာရင်းများ စတင်၍ ကောက်ယူနေပြီဖြစ်ပါသည်။

မအူပင်မြို့နယ်၌ ငါးမွေးတောင်သူများအား ငါးသားပေါက်ကောင်ရေ (၃၀၀၉၉၀)ကောင် ထောက်ပံ့ပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ် မအူပင်ခရိုင် ငါးလုပ်ငန်းဦးစီးဌာန အောင်ဟိတ် ငါးလုပ်ငန်းစခန်းမှ Covid-19 Economic Relief Plan ၏ Action Plan အရ ငါးမွေးတောင်သူများအား ငါးသားပေါက်များ ထောက်ပံပေးခြင်းကို ယမန်နေ့ မွန်းလွဲ ၂ နာရီက အောင်ဟိတ် ငါးလုပ်ငန်းစခန်းတွင် ပြုလုပ်ခဲ့သည်။

ရွှေဘိုမြို့တွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကူပေးရေးအဖွဲ့မှ ပြည်သူများအတွက် ဥပဒေဆိုင်ရာ အထောက်အကူပေးနိုင်ရေး တာဝန်ရှိသူမျာနှင့်တွေ့ဆုံ

စစ်ကိုင်းတိုင်းဒေသကြီး၊ ရွှေဘိုမြို့တွင် ပြည်ထောင်စုဥပဒေဆိုင်ရာ အထောက်အကိူပေးရေး အဖွဲ့ဝင် ဦးကျော်စိုးဗိုလ်(စစ်ကိုင်းတိုင်းဝာဝန်ခံ)မှ ပြည်သူများအတွက် ဥပဒေဆိုင်ရာ အထောက် အကူပေးနိုင်ရေးအတွက် ခရိုင်အတွင်းရှိ ဥပဒေအထောက်အကူပေးရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် ယနေ့နက် ၉ နာရီက မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် တွေ့ဆုံဆွေးနွေးခဲ့သည်။

မင်းတပ်၌ လူရည်ချွန်ကျောင်းသား/ကျောင်းသူများအား ဂုဏ်ပြုချီးမြှင့်

မင်းတပ်ခရိုင်အတွင်းရှိ ၂၀၁၉−၂၀၂၀ ပညာသင်နှစ် လူရည်ချွန်ကျောင်းသား/သူများအား ဂုဏ်ပြုချီးမြှင့်သည့် အခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် အထက(၁)ခန်းမ၌ အားကစား နှင့် ကျန်းမာရေးဝန်ကြီးဌာန၏ လမ်းညွှန်ချက်နှင့်အညီ ကျင်းပခဲ့ကြောင်းသိရသည်။

ကြာအင်းဆိပ်ကြီးမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေး အသိပေးနှိုးဆော်၊ လက်ကမ်းစာစောင်များဖြန့်ဝေ

ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ကြာအင်းဆိပ်ကြီးမြို့တွင် မြို့နယ်ကျန်းမာရေးဦးစီးဌာနက ကိုဗစ်-၁၉ ရောဂါကာကွယ်တားဆီးရေးအတွက် အသိပေးနှိုးဆော်မှုများကို မြို့ပေါ်ရပ်ကွက်များ၊ ဈေးများ၊ ကျောင်းများ၊ ကျေးရွာများတွင် စဉ်ဆက်မပြတ်ဆောင်ရွက်ပေးလျက် ရှိပါသည်။

တီးတိန်-တွန်းဇံ-ကျီခါးလမ်း (တွန်းဇံ-ကျီခါးလမ်း)ကြား ကုန်တင်ယာဉ်ကြီးများနှင့် ကားကြီးများ သွားလာမှု ခေတ္တ ပိတ်ဆို့မည်

တီးတိန်-တွန်းဇံ-ကျီခါးလမ်း (တွန်းဇံ-ကျီခါးလမ်း)ကြားတွင် ကုန်တင်ယာဉ်ကြီးများနှင့် ကားကြီးများ မောင်းနှင် သွားလာမှုကို ၂၀၂၀ ပြည့်နှစ် ဩဂုတ်လ(၂၁)ရက်နေ့မှ စတင်ပြီး ယာဉ်ကြီးများ (၃တန်နှင့် အထက်ယာဉ်များ) သွားလာမှုကို ခေတ္တပိတ်ဆို့ထားမည်ဖြစ်ကြောင်း တွန်းဇံမြို့နယ် လမ်းဦးစီးဌာနမှ သိရသည်။
Subscribe to