ဟိုပုံးမြို့နယ်တွင် အခြေခံပညာအထက်တန်းကျောင်း၌ ကိုဗစ်-၁၉ ရောဂါကြိုတင်ကာကွယ်ရေး စနစ်တကျ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/ မရှိ ကွင်းဆင်းစစ်ဆေး

 

ဟိုပုံး      ဩဂုတ်    ၂၁

ရှမ်းပြည်နယ် (တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊  ဟိုပုံးမြို့နယ်အခြေခံပညာ အထက်တန်း ကျောင်း၌ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ကိုဗစ်-၁၉ ရောဂါကြိုတင် ကာကွယ်ရေး စည်းကမ်းချက်များနှင့်အညီ စနစ်တကျလိုက်နာဆောင်ရွက်ခြင်း ရှိ/မရှိ အခြေအနေများကို တာဝန်ရှိသူများက  ယနေ့ နံနက်  ၉နာရီ အချိန်က ကွင်းဆင်းစစ်ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးနန်းတင့်၊ ဒုတိယမြို့နယ်ပညာ ရေးမှူး ဦးဇော်လွင် နှင့်  တာဝန်ရှိသူများက ကျောင်းသား၊ ကျောင်းသူများ ကျောင်းအတွင်းမဝင်မီ အသုံးပြုရန် လက်ဆေး ဘေစင် ထားရှိမှု လက်သန့်ဆေးရည်ဖြင့် လက်ဆေးခြင်း၊ ကိုယ်အပူချိန် တိုင်းခြင်း၊ နှာခေါင်းစည်း၊ Face Shield မျက်နှာ ကာများ စနစ်တကျတပ်ဆင်ထားခြင်း ရှိ/မရှိ နှင့် ကျောင်းသားမိဘများ ကျောင်းသို့မလာမီနှင့် လာရောက် စဉ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင် ကာကွယ်ရေးစည်းကမ်းချက်များနှင့်အညီ စနစ်တကျ လိုက်နာ ဆောင်ရွက်ခြင်း ရှိ/မရှိ ကွင်းဆင်း စစ်ဆေးခဲ့ကြောင်း သိရသည်။ 

နေမင်းထွန်း(ဟိုပုံး)